ဥရောပ အပူလှိုင်းကျရောက်မှု ပြင်သစ်မှာ အပူချိန် စံချိန်တင် မြင့်မား

ဥရောပ အပူလှိုင်းကျရောက်မှု ပြင်သစ်မှာ အပူချိန် စံချိန်တင် မြင့်မား

ဇူလိုင် ၂၆ ။         ။ ဥရောပမှာ အပူလှိုင်း ကျရောက်မှု ဖြစ်ပေါ်နေစဉ် ပြင်သစ်မှာတော့ အပူချိန်ဟာ မကြုံစဖူး စံချိန်တင် ၄၂ ဒႆမ ၆ ဒီဂရီ ဆဲလ်စီယက်စ်ကို ရောက်ရှိလာခဲ့ပါတယ်။

ခုလို စံချိန်တင် အပူရှိန် မြင့်မားနေခြင်းကြောင့် လက်ရှိမှာ အများပြည်သူ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုတွေကိုလည်း ပိုတိုးမြင့်လာစေခဲ့ပါတယ်။

ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ ဂျာမနီတို့မှာတော့ စံချိန်တင်ခဲ့တဲ့ အပူချိန်တွေ ပြန်လည်ကျဆင်းခဲ့သော်လည်း ပြင်သစ်မှာတော့ ၁၉၄၇ ဇူလိုင်လတုန်းက တင်ထားခဲ့တဲ့ စံချိန်တင် အပူချိန် ၄၀ ဒသမ ၄ ဒီဂရီ ဆဲလ်စီယက်စ်ကို ကျော်လွန်ပြီး ယခုအခါ ၄၂ ဒီဂရီ ကို ကျော်လွန်ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

အပူချိန် မြင့်မားနေတဲ့ ပြင်သစ် မြို့တော်မှာတော့ တစ်ဦးတည်း နေထိုင်ကြရသူတွေကို စောင့်ကြည့်ပေးကြဖို့နဲ့ ပြည်သူတွေ သတိရှိစွာ နေကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဒါ့အပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်နဲ့အတူ ခရီးသွားလာသူ သန်းချီတို့လည်း ခုလို အပူရှိန်ပြင်းမှုကြောင့် အတိဒုက္ခ ရောက်နေကြရတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required