အငြင်းပွားရေပြင်ကနေ တရုတ်သင်္ဘော ထွက်ခွာသွားဖို့ ဗီယက်နမ် တောင်းဆို

အငြင်းပွားရေပြင်ကနေ တရုတ်သင်္ဘော ထွက်ခွာသွားဖို့ ဗီယက်နမ် တောင်းဆို

ဟနွိုင်း၊ ဇူလိုင် ၂၆ ။          ။ အငြင်းပွားရေပြင်နဲ့ ပတ်သက်ပြီး လိပ်ခဲတည်းလည်းအခြေအနေမှာပဲ တောင်တရုတ်ပင်လယ်ကနေ တရုတ်သင်္ဘော ချက်ချင်းထွက်ခွာသွားဖို့ ဗီယက်နမ်နိုင်ငံဟာ ကြာသပတေးနေ့က တောင်းဆိုလိုက်ပါတယ်။

 တရုတ်နိုင်ငံဟာ သဘာဝရင်းမြစ် ပေါကြွယ်ဝတဲ့ ရေပြင်ကို ၎င်းတို့ပိုင်ဆိုင်တာအပေါ် လေးစားဖို့ ဗီယက်နမ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြောဆိုထားတာပါ။ အဆိုပါ တောင်တရုတ်ပင်လယ်ရေပိုင်နက်မှာ တရုတ်၊ ထိုုင်ဝမ်၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဘရူးနိုင်းတို့က ပိုင််ဆိုင်မှု အငြင်းပွားနေတာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံက တရုတ်ရဲ့ ပြောဆိုချက်ကို တုံ့ပြန်ပြီး တရုတ်သင်္ဘော အငြင်းပွားရေပြင်မှာ ရောက်ရှိနေတာကို အရေးဆိုတဲ့စာတွေ ပေးပို့ခဲ့ပြီး ကြာသပတေးနေ့မှာတော့ ဒီရေပိုင်နက်က ထွက််ခွာသွားဖို့ တောင်းဆိုလာတာပဲ ဖြစ်ပါတယ်။

“ဗီယက်နမ်အနေနဲ့ သံခင်းတမန်ခင်းနဲ့ ပြောဆိုဆောင်ရွက်ခဲ့တာတွေ များပြီ။ ဗီယက်နမ်ရဲ့ အထူးစီးပွားရေးဇုန်ထဲမှာ ရောက်ရှိနေတဲ့ တရုတ်သင်္ဘော ချက်ချင်းထွက်ခွာဖို့ မေတ္တာရပ်ခံ တောင်းဆိုတယ်။”လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောပေမယ့် တရုတ်သင်္ဘော ရောက်ရှိနေတဲ့ နေရာကိုတော့ အတိအကျ ပြောဆိုတာ မရှိပါ။

“ဗီယက်နမ်နိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေကို အခြေပြုပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ကိုယ်ပိုင်အချုပ်အခြာကို စဉ်ဆက်မပြတ် ကာကွယ်နေပါတယ်။”လို့ ပြောရေးဆိုခွင့်ရှိသူ လီသီသူဟန််းက ဖြည့်စွက်ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required