ကိုပါအမေရိကပြိုင်ပွဲမှာ ‘အကျင့်ပျက်ခြစားတယ်’လို့ ဝေဖန်ပြောဆိုခဲ့မှုအတွက် ဒဏ်ငွေ ဒေါ်လာ (၁၅၀၀) ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ မက်ဆီ

25 July 2019
ကိုပါအမေရိကပြိုင်ပွဲမှာ ‘အကျင့်ပျက်ခြစားတယ်’လို့ ဝေဖန်ပြောဆိုခဲ့မှုအတွက် ဒဏ်ငွေ ဒေါ်လာ (၁၅၀၀) ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ မက်ဆီ

မက်ဆီဟာ ယခုနွေရာသီက ကိုပါအမေရိကဖလားပြိုင်ပွဲမှာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ “အကျင့်ပျက်ခြစား”တယ်ဆိုတဲ့ သူ့ရဲ့ ဝေဖန်ပြောဆိုမှုတွေအတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ (၁၅၀၀) ပေးဆောင်ဖို့ အဖွဲ့ချုပ်က ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီဟာ ချီလီနဲ့ ပြိုင်ပွဲရဲ့ တတိယနေရာလုပွဲစဉ်မှာ ပြိုင်ဘက်အသင်းခေါင်းဆောင် မီဒယ်လ်နဲ့ ထိပ်တိုက်အတွေ့မှာ ပြဿနာတက်ခဲ့ကြပြီး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရမှုအတွက် နိုင်ငံတကာ ပွဲစဉ် တစ်ပွဲ ပွဲပယ်ပြစ်ဒဏ်ကို တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ချမှတ်ခဲ့ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59089

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly