ထိုင်းစစ်စခန်းကို သံသယရှိ မွတ်စလင်သူပုန်တွေ လာရောက်တိုက်ခိုက်၍ လေးဦး သေဆုံး

ထိုင်းစစ်စခန်းကို သံသယရှိ မွတ်စလင်သူပုန်တွေ လာရောက်တိုက်ခိုက်၍ လေးဦး သေဆုံး

ဘန်ကောက်၊ ဇူလိုင် ၂၅ ။         ။ ထိုင်းနိုင်ငံရဲ့ တည်ငြိမ်မှုကင်းမဲ့ရာ တောင်ပိုင်းနယ်မြေက စစ်တပ်စခန်းတစ်ခုကို သံသယရှိ မွတ်စလင်သူပုန်တွေ အင်္ဂါ ညပိုင်းက လာရောက်တိုက်ခိုက််တာကြောင့် လေးဦးသေဆုံးကြောင်း တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

နာမည်ဆိုးထွက်နေတဲ့ စစ်တပ်စစ်ကြောရေးယူနစ်မှာ သံသယရှိ မွတ််စလင်သူပုန်တစ်ဦး  နာရီအတော်ကြာ စစ်ဆေးခံရပြီးနောက် ထိခိုက်ဒဏ်ရာတွေနဲ့ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ကျန်ခဲ့တာအပေါ် စိတ်ဆိုးဒေါသထွက်ကြရာကနေ ဖြစ်ပွားပေါ်ပေါက်တဲ့ တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။

ထိုင်းတောင်ပိုင််းက မလေး-မွတ်စလင် လူနည်းစုတွေအရေး ၁၅ နှစ်ကြာ ပဋိပက္ခတွေအတွင်းမှာ သေဆုံးသူပေါင်း ခုနစ်ထောင်ကျော်ထက်မနည်း ရှိနေပေမယ့် ဒီအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာက အာရုံစိုက််မှု နည်းပါးလျက် ရှိဆဲဖြစ်ပါတယ်။

သူပုန်တွေဟာ ယဉ်ကျေးမှု ကွဲပြားတဲ့ ‘တောင်ပိုင်းစွန်း ဒေသ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် ပုန်ကန်ထကြွလျက် ရှိတာဖြစ်ပါတယ်။

ပတ္ထာနီပြည်နယ် အစွန်အဖျားက စစ်တပ်စခန်းကို အင်္ဂါနေ့ ညပိုင်းမှာ သူပုန်တွေဟာ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ပြီး အော်တိုသေနတ်တွေနဲ့ တစ်နာရီကြာ ပစ်ခတ်တာဖြစ်ကြောင်း စစ်တပ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်တပ်က တပ်ကြပ်ကြီးတစ်ဦးရယ်၊ ပြည်သူ့စစ်နှစ်ဦးရယ် ရွာသားတစ်ဦးရဲ့ ဒီ တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ပါတယ်။”လို့ ဗိုလ်မှူး သာနာဝီဆူဝန်နာရတ်က ပြောခဲ့ပါတယ်။

သူပုန်တွေဟာ စက်သေနတ် ငါးလက်ကို  သိမ်းယူရရှိသွားပြီး သူတို့ ထွက်ပြေးကြရာမှာ  အနောက်က အလွယ်တကူ မလိုက်နိုင်အောင် လမ်းပေါ်မှာ ကားတာယာတွေကို မီးရှို့ပြီး ထွက်ပြေးသွားကြတာဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required