တနင်္သာရီမြို့၌ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်မှု ဖြစ်ပွား

တနင်္သာရီမြို့၌ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်မှု ဖြစ်ပွား
ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်)

တနင်္သာရီ၊ ဇူလိုင် ၂၄ ။         ။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အသက် ၄ နှစ်ကျော် မိန်းကလေးငယ်တစ်ဦးအား အသက် ၁၇ နှစ် အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့မှု ဇူလိုင် ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီမြို့မရဲစခန်းရုံးမှ သိရသည်။

ဖြစ်စဉ်မှာ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ………ကျေးရွာအုပ်စု၊ …….ကျေးရွာတွင် မိန်းကလေးငယ်သည် မိခင်ဖြစ်သူမှ နေအိမ်၌ ထမင်းချက်နေစဉ် အပြင်တွင် ဆော့ကစားနေစဉ် ၄င်းကျေးရွာတွင် နေထိုင်သော ၇ တန်းကျောင်းသား မောင်ကြည်ယာလင်း( အသက် ၁၇ နှစ်) က ခေါ်ဆောင်၍ အဓမ္မပြုကျင့်ခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍  တနင်္သာရီမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဟုတ်မှန်ကြောင်း၊ မိခင်ဖြစ်သူက မိန်းကလေးငယ်၏ ခန္ဓာကိုယ်အား စစ်ဆေးကြည့်ရာမှ တွေ့ရှိကြောင်း သိရှိခဲ့ရသည်ဟု အတည်ပြုပြောဆိုသည်။

အဆိုပါဖြစ်စဉ်အတွက် မောင်ကြည်ယာလင်း၊ အသက် ၁၇ နှစ်ကို တနင်္သာရီမြို့မရဲစခန်းမှ (ပ) ၇၆/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly