ဝန်ကြီးချုပ်သစ် ဘော်ရစ်ဂျွန်ဆင်က ဗြိတိန်အစိုးရသစ် ဖွဲ့စည်းမည်

ဝန်ကြီးချုပ်သစ် ဘော်ရစ်ဂျွန်ဆင်က ဗြိတိန်အစိုးရသစ် ဖွဲ့စည်းမည်

လန်ဒန်၊ ဇူလိုင် ၂၄ ။         ။ ဝန်ကြီးချုပ်အဖြစ် ထရီဆာမေရဲ့ နေရာကို ဆက်ခံရရှိပြီးနောက်မှာ ဘော်ရစ်ဂျွန်ဆင်ဟာ ဗြိတိန်အစိုးရသစ်ကို ဖွဲ့စည်းဖို့ စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရတဲ့ ဘော်ရစ်ဂျွန်ဆင်ဟာ ဒီကနေ့ ဇူလိုင် ၂၄ ရက်မှာ နေ့လယ်ပိုင်းမှာ ဘက်ကင်ဟမ်နန်းတော်မှာ ဘုရင်မကြီးနဲ့ ပရိသတ်တွေ ရှေ့မှောက် ဝန်ကြီးချုပ်အဖြစ် ရာထူးလက်ခံစတင်တာဝန်ယူတော့မှာ ဖြစ်ပါတယ်။

ဒေါင်းနင်းလမ်းရဲ့ ဝန်ကြီးချုပ်အိမ်ရာကို ရောက်ရှိပြီးတာနဲ့ ဘော်ရစ်ဂျွန်ဆင်အနေနဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးစတဲ့ ရာထူးတွေအပါအဝင် ကက်ဘိနက်အစိုးရအဖွဲ့ အကြီးတန်းအရာရှိတွေကို ကြေညာဖို့ ရှိပါတယ်။

ဂျွန်ဆင်ရဲ့ အစိုးရသစ်ဟာ ခေတ်သစ်ဗြိတိန်ကို ပုံဖော်ကြလိမ့်မယ်လို့ ၎င်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဝန်ကြီးချုပ်သစ် ဂျွန်ဆင်အနေနဲ့ ကက်ဘိနက်ရာထူးတွေမှာ အမျိုးသမီးဦးရေကို တိုးမြှင့်ခန့်ထားဖို့ ရှိနေပြီး လူနည်းစုတိုင်းရင်းသား ကိုယ်စားလှယ်ဦးရေကိုလည်း မြှင့်တင်သွားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရတဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ရွေးချယ်ပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဂျာရီမီဟန့်ကို ဂျွန်ဆင်ဟာ မဲရလဒ် ၆၆ ဒသမ ၄ ရာခိုင်နှုန်း အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘက်ကင်ဟမ်နန်းတော်မှာ ဝန်ကြီးချုပ်ဟောင်း ထရီဆာမေက ၎င်းရာထူးက အနားယူကြောင်းကို တရားဝင် ပေးအပ်ပြီးနောက်မှာ ဘော်ရစ်ဂျွန်ဆင်အနေနဲ့ ဗြိတိန်နိုင်ငံကို စတင််ဦးဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required