စင်ကာပူမှာ အလေးချိန် ၉ တန် နီးပါးရှိ ဆင်စွယ်များ စံချိန်တင် ဖမ်းဆီးရမိ

စင်ကာပူမှာ အလေးချိန် ၉ တန် နီးပါးရှိ ဆင်စွယ်များ စံချိန်တင် ဖမ်းဆီးရမိ

ဇူလိုင် ၂၃ ။          ။ အလေးချိန် ၈ ဒႆမ ၈ တန် ( ၈,၈၀၀ ကီလို) ရှိ ဆင်စွယ်တွေကို စင်ကာပူ အာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါဟာ ယင်းနိုင်ငံမှာ လက်ရှိအချိန်ထိ အများဆုံး သိမ်းဆည်းရမိတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

ခန့်မှန်း တန်ဖိုး ကန်ဒေါ်လာ ၁၂ ဒႆမ ၉ သန်း ရှိ အဆိုပါ ဆင်စွယ်တွေကတော့ အာဖရိက ဆင်တွေဆီကနေ လာတာဖြစ်ကြောင်း စင်ကာပူ အစိုးရက ခန့်မှန်းထားပါတယ်။

ယင်း ဆင်စွယ်တွေအပြင် အလေးချိန် ၁၁ ဒသမ ၉ တန်ရှိ သင်းခွေချပ် အကြေးခွံတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စင်ကာပူ အာဏာပိုင်တွေက ပြောပါတယ်။ ယင်းသင်းခွေချပ်တွေရဲ့ တန်ကြေးကတော့ ကန်ဒေါ်လာ ၃၅ ဒသမ ၇ သန်းမျှ ရှိတယ်လို့ သိရပါတယ်။

ဒါဟာ တရုတ် အကောက်ခွန်ဌာနကနေ သတင်းပေးချက်တစ်ခုကို ရပြီး ယင်း တရားမဝင် ကုန်စည်တွေကို ကွန်တိန်နာတွေထဲမှာ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

စင်ကာပူကနေတဆင် ဗီယက်နမ်ကို ပို့မယ့် ကုန်တွေကို ဇူလိုင် ၂၁ ရက်က စစ်ဆေးခဲ့ရာမှာ ယခုလို တရားမဝင် တိရစ္ဆာန် အစိတ်အပိုင်းတွေကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ယင်းကုန်တွေကတော့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံကနေ လာတာဖြစ်ကြောင်းလည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly