NLD အတွက် မဲမဆွယ်ရန် ဗေလုဝ အတားခံရ

ကန်ကြီးထောင့်၊ အောက်တိုဘာ ၁၁။ ။ သရုပ်ဆောင်၊ စာရေးဆရာ ကိုဗေလုဝကို စာပေဟောပြောပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မဲဆွယ်သည့် အသုံးအနှုန်းများ ထည့်သွင်းမပြောရန် တားမြစ်ခံရသည်ဟု ဗေလုဝက ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့တွင်၊ အောက်တိုဘာလ ၁၁ ရက်၊ ညက ကျင်းပသည့် စာပေဟောပြောပွဲတွင် ပြောဆိုသွားသည်။

၎င်းကို ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်တွင် မြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်များက တားဆီးခြင်းဖြစ်ပြီး ၎င်းက ကန်ကြီးထောင့် ဟောပြောပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

"စာပေဟောပြောပွဲမှာ မဲဆွယ်တာတွေမပြောဖို့ တားမြစ်တယ်"ဟု သရုပ်ဆောင်စာရေးဆရာ ကိုဗေလုဝက ကန်ကြီးထောင့်မြို့ စာပေဟောပြောပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ယင်းစာပေဟောပြောပွဲကို ကန်ကြီးထောင့်မြို့နယ် လူမှုရေးအသင်းအဖွဲ့များက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကျောင်းသားသပိတ်ခေါင်းဆောင် နည်းပညာတက္ကသိုလ်မှ ဆရာဦးဝေယံအောင်၊ သရုပ်ဆောင်၊ စာရေးဆရာကိုဗေလုဝ၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ ဟောပြောခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required