ပြီးခဲ့တဲ့ရာသီကလို မြင့်မားတဲ့ ရမှတ်တွေရရှိအောင် လီဗာပူးလ်နဲ့ မန်စီးတီးတို့ နောက်တစ်ကြိမ် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုးလ်ရှား ခန့်မှန်း

21 July 2019
ပြီးခဲ့တဲ့ရာသီကလို မြင့်မားတဲ့ ရမှတ်တွေရရှိအောင် လီဗာပူးလ်နဲ့ မန်စီးတီးတို့ နောက်တစ်ကြိမ် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုးလ်ရှား ခန့်မှန်း

မန်ချက်စတာယူနိုက်တက်ဟာ ယခုဘောလုံးရာသီမှာ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့နဲ့ ထိပ်ဆုံးနေရာကို ပိုမိုနီးကပ်ပြီး ပြီးဆုံးနိုင်မယ်လို့ အိုလီဂန်းနားဆိုးလ်ရှားက မျှော်လင့်ပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်တဲ့ နှစ်သင်းဟာ နောက်ထပ်တစ်ကြိမ် မြင့်မားတဲ့ ရမှတ်တွေနဲ့ ရာသီကို အဆုံးသတ်လိမ့်မှာ မဟုတ်ကြောင်း သူက ယုံကြည်နေပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ မေလမှာ ပရီးမီးယားလိဂ်ဖလားအတွက် လီဗာပူးလ်ကို ကျဉ်းမြောင်းတဲ့ ရမှတ်နဲ့ အသာရခဲ့ပြီး သူတို့ဟာ ရမှတ် (၉၈) နဲ့ ပိတ်သိမ်းခဲ့ချိန်မှာ ကလော့ပ်ရဲ့ အသင်းကလည်း (၉၇)မှတ်နဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58976

တင်ဆက် - ဆက်ဝေယံနိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly