ပြီးခဲ့တဲ့ရာသီကလို မြင့်မားတဲ့ ရမှတ်တွေရရှိအောင် လီဗာပူးလ်နဲ့ မန်စီးတီးတို့ နောက်တစ်ကြိမ် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုးလ်ရှား ခန့်မှန်း

ပြီးခဲ့တဲ့ရာသီကလို မြင့်မားတဲ့ ရမှတ်တွေရရှိအောင် လီဗာပူးလ်နဲ့ မန်စီးတီးတို့ နောက်တစ်ကြိမ် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုးလ်ရှား ခန့်မှန်း
Photos: EPA

မန်ချက်စတာယူနိုက်တက်ဟာ ယခုဘောလုံးရာသီမှာ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့နဲ့ ထိပ်ဆုံးနေရာကို ပိုမိုနီးကပ်ပြီး ပြီးဆုံးနိုင်မယ်လို့ အိုလီဂန်းနားဆိုးလ်ရှားက မျှော်လင့်ပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်တဲ့ နှစ်သင်းဟာ နောက်ထပ်တစ်ကြိမ် မြင့်မားတဲ့ ရမှတ်တွေနဲ့ ရာသီကို အဆုံးသတ်လိမ့်မှာ မဟုတ်ကြောင်း သူက ယုံကြည်နေပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ မေလမှာ ပရီးမီးယားလိဂ်ဖလားအတွက် လီဗာပူးလ်ကို ကျဉ်းမြောင်းတဲ့ ရမှတ်နဲ့ အသာရခဲ့ပြီး သူတို့ဟာ ရမှတ် (၉၈) နဲ့ ပိတ်သိမ်းခဲ့ချိန်မှာ ကလော့ပ်ရဲ့ အသင်းကလည်း (၉၇)မှတ်နဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပြိုင်ဆိုင်မှုဟာ လိဂ်သမိုင်းမှာ ရာသီပိတ်ပွဲစဉ်အထိ အမှတ်ပေးဖလားအတွက် တိုက်ပွဲင်ကြတဲ့ အမှတ်ရဖွယ်ပြိုင်ပွဲထဲက တစ်ခုဖြစ်ခဲ့ပြီး စီးတီးက (၁)မှတ်အသာနဲ့ ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်တို့ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ပြီး ရမှတ် (၆၆)မှတ်နဲ့ အဆင့် (၆)မှာသာ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားက ယူနိုက်တက်ပရိသတ်တွေဟာ ယခုရာသီမှာ အမှတ်ပေးဖလားအတွက် ပြိုင်ဆိုင်မှုမှာ ထိပ်ဆုံးနေရာနဲ့ ပိုမိုနီးကပ်တာကို မြင်တွေ့ရလိမ့်လို့ ယုံကြည်နေပါတယ်။

"ပရီးမီးယားလိဂ်က အရမ်းကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်ပြိုင်ပွဲတစ်ခုပါ။"လို့ ဆိုးလ်ရှားက ပြောပါတယ်။

"ပြီးခဲ့တဲ့ရာသီက ရမှတ် ၉၇၊ ၉၈ မှတ်ရအောင် လုပ်နိုင်ခဲ့တဲ့ အသင်းနှစ်သင်းက နောက်ထပ်တစ်ကြိမ် ထပ်လုပ်နိုင်တော့မယ်လို့ ကျနော် မထင်ပါဘူး။

"ဒီရာသီမှာ တစ်သင်းနဲ့တစ်သင်း ပြိုင်ဆိုင်မှုက ပိုမိုနီးကပ်လာမှာကို ကျနော်တို့ မြင်တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။

"ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် စိန်ခေါ်လိုတဲ့အသင်း (၆)သင်း ရှိနေပါတယ်။ ဒီနေရာအတွက် အသင်းတစ်သင်း၊ နှစ်သင်းလောက်လည်း အောက်ဖက်နားမှာ ရှိနေပါသေးတယ်။

"ဒါပေမယ့် ကျနော်တို့ရဲ့ ရည်မှန်းချက်က ကိုယ့်ကိုကိုယ် အာရုံစိုက်ဖို့ပါ။

"ကျနော်တို့ ပိုပြီးကောင်းမွန်၊ တိုးတက်လာရပါမယ်။ မန်ယူနိုက်တက်ဟာ ကျနော်တို့ရဲ့ တစ်ခုတည်းသော အာရုံစိုက်စရာဆိုတာ သေချာအောင် လုပ်ရမှာဖြစ်ပြီး ကျနော်တို့ အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ပိုမိုနီးကပ်လာလိမ့်ဆိုတာ ကျနော် သေချာပါတယ်။"

Ref; Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly