MFF U-13 Girls Tournament 2019 (States & Regions) အမျိုးသမီး ယူ ၁၃ ပြိုင်ပွဲ ကျင်းပမည်

MFF U-13 Girls Tournament 2019 (States & Regions) အမျိုးသမီး ယူ ၁၃ ပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၂၀ ။          ။ မျိုးဆက်သစ် အမျိုးသမီးဘောလုံးကစားသမားများ ပေါ်ထွန်းလာရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု အသက် ၁၃ နှစ်အောက်များပါဝင်သော အသင်းများကို ဇူလိုင် ၂၀ ရက်မှ စတင်ကာ ရန်ကုန်မြို့ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုကွင်းတွင် ကျင်းပနေသည်။

အသက် ၁၃ နှစ်အောက် အမျိုးသမီးဘောလုံးအသင်းပေါင်း ၁၇ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး အုပ်စု ၄ ခု ခွဲကာ ကျင်းပသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး MFF U-13 Girl Tournament 2019 (States & Regions) ကို ကျင်းပခြင်းဖြစ်ပြီး အုပ်စုအဆင့် မဲခွဲပွဲကို ဇူလိုင် ၁၉ ရက် နေ့လယ်ပိုင်းက MFF အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အုပ်စုပွဲစဉ်များကို တစ်နေ့ ၄ ပွဲနှုန်းဖြင့် ဇူလိုင် ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကွာတားဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၂၈ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၃၀ ရက်နှင့် ဗိုလ်လုပွဲစဉ်ကို သြဂုတ် ၁ ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly