ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးကို အောက်မေ့လွမ်းဆွတ်ကြသူများ

20 July 2019
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးကို အောက်မေ့လွမ်းဆွတ်ကြသူများ

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးတို့ လုပ်ကြံခံခဲ့ရတာက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာဆိုရင် ၇၂ နှစ်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။

အာဇာနည်နေ့ အထိမ်းအမှတ်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ကျင်းပပြု လုပ်ခဲ့ကြသလို အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံး(ယခင် အတွင်းဝန်ရုံး)မှာလည်း အလေးပြုအခမ်းအနားနဲ့ ဆုတောင်းမေတ္တာပို့သခြင်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အာဇာနည်နေ့မှာ သက်တမ်း ၉၈ နှစ်ရှိခဲ့ပြီဖြစ်တဲ့ ရန်ကုန်မြို့၊ နတ်မောက်လမ်းမှာရှိတဲ့ ဗိုလ်ချုပ် ပြတိုက်ကိုလည်း အခမဲ့ ကြည့်ရှုခွင့်ပြုခဲ့ပါတယ်။ 

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly