နှစ်ပေါင်း ၅၀ ကျော်အတွင်း အာဇာနည်ဗိမာန်ကို နိုင်ငံတော်အကြီးအကဲ ပထမဆုံးတက်ရောက်ဂါရဝပြု

20 July 2019
နှစ်ပေါင်း ၅၀ ကျော်အတွင်း အာဇာနည်ဗိမာန်ကို နိုင်ငံတော်အကြီးအကဲ ပထမဆုံးတက်ရောက်ဂါရဝပြု

(၇၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော် သမ္မတဦးဝင်းမြင့် တက်ရောက်ဂါရဝပြုခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ အာဇာနည်ဗိမာန်ကို နိုင်ငံတော်အကြီးအကဲအနေနဲ့ပထမဆုံးတက်ရောက်လာတာပါ။

၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်းဟာ အာဇာနည်ဗိမာန်ကို တက်ရောက်ဂါရဝပြုပြီးတဲ့နောက်ပိုင်း အာဇာနည်ဗိမာန်ကို နိုင်ငံအကြီးအကဲတွေ လာရောက်ဂါရဝပြုတာ မရှိခဲ့ပါဘူး။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58948

ရိုက်ကူး / တည်းဖြတ် - ဇေယျာမော်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly