ICC ဖလားပွဲအတွက် စင်ကာပူကို ရောက်လာတဲ့ မန်ယူအသင်းကို ပရိသတ်တွေ သောင်းသောင်းဖျဖျ ကြိုဆို

ICC ဖလားပွဲအတွက် စင်ကာပူကို ရောက်လာတဲ့ မန်ယူအသင်းကို ပရိသတ်တွေ သောင်းသောင်းဖျဖျ ကြိုဆို

ဇူလိုင် ၁၉ ။         ။ စင်ကာပူနိုင်ငံ မာရီနာ ပင်လယ်အော် ဧရိယာမှာတော့ ဇူလိုင် ၁၈ ညနေခင်းက အနီရောင်ဝတ် စင်ကာပူနိုင်ငံသားတွေ စုရုံး အော်ဟစ် သီချင်းဆိုနေခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

ဒါကတော့ အမျိုးသားနေ့ စုရုံးချီတက်ဖို့ ဇာတ်တိုက်လေ့ကျင့်နေတာတော့မဟုတ်ပါဘူး။ ဒီ အနီရောင်ဝတ် စင်ကာပူတွေကတော့ ဘောလုံးဝါသနာအိုးတွေဖြစ်ပြီး ယခုသီတင်းပတ်ကုန် ICC ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံကို ရောက်လာတဲ့ အင်္ဂလန်ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်အသင်းကို လာရောက်ကြိုဆိုနေကြတာ ဖြစ်ပါတယ်။

ဘောလုံးပရိသတ် အယောက် ၁၀၀ လောက်ရှိတဲ့ လူအုပ်စုဟာ မာရီနာ ပင်လယ်အော် ဧရိယာတွင်းက ဟိုတယ်တစ်လုံးအပြင်မှာ သူရဲနီ အသင်းသားတွေကို စောင့်ကြိုနေခဲ့ကြပါတယ်။

ယင်းနောက် မန်ယူအသင်းသားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား ဟိုတယ်ထဲ ဝင်လာချိန်မှာတော့ ပရိသတ်တွေဟာ ကားပေါ်က ဆင်းလာမယ့် အသင်းသားတွေ တွေ့ရဖို့ စုပြုံရောက်ရှိခဲ့ကြပါတယ်။

ယင်းနောက် ဟွမ် မာတာ၊ ပေါလ် ပေ့ါဘာ တို့လို နာမည်ကျော် ဘောလုံးသမားတွေကို စင်ကာပူ ပရိသတ်တွေ နာမည်ခေါ် အော်ဟစ်ကြိုဆိုအားပေးခဲ့ကြပါတယ်။ ကစားသမားတွေက အံ့အားသင့်သလိုဖြစ်နေပုံ ရပေမယ့် မာတာအပါအဝင် ကစားသမားတစ်ချို့ကတော့ ပရိသတ်တွေကို ပြန်လည်ပြုံးပြ လက်ဝှေ့ရမ်း နှုတ်ဆက်ခဲ့ကြပါတယ်။

ယူနိုက်တက်ကတော့ ယခုသီတင်းပတ်ကုန် ICC ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ် အသင်းလေးသင်းအနက် တစ်သင်းဖြစ်ပါတယ်။

အင်္ဂလန်ကလပ်ဟာ ဇူလိုင် ၂၀ မှာ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဇူလိုင် ၂၁ မှာတော့ ဂျူဗင်တပ်စ်နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ ကစားကြမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required