ဧရာဝတီတိုင်းအတွင်း H1N1 ဖြင့် သေဆုံးသူ ၅ ဦးအထိ ရှိလာကြောင်း သိရ

19 July 2019
ဧရာဝတီတိုင်းအတွင်း H1N1 ဖြင့် သေဆုံးသူ ၅ ဦးအထိ ရှိလာကြောင်း သိရ

ဧရာဝတီတိုင်းဒေသကြီးတွင် ဇူလိုင်လ ၁၈ရက်နေ့အထိ H1N1ရောဂါပိုးသံသယရှိသူ ၄၅ဦးကို ဓာတ်ခွဲ စစ်ဆေးရာ H1N1ပိုးတွေ့သူ၂၅ယောက်ရှိပြီး သေဆုံးသူ ၅ဦးအထိ ရှိလာကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

"ဧရာဝတီတိုင်းတွင် ရောဂါပိုးတွေ့ရှိတာ ၁၃ မြို့နယ်ရှိတယ်။ ကျန်တဲ့ မြို့နယ်တွေက မတွေ့ဘူး။ ရန်ကုန်တိုင်း နဲ့နီးစပ်တဲ့ ဖျာပုံမှာ လေးယောက်တွေ့ပါတယ်။ ညောင်တုန်းမှာ သုံးယောက်တွေ့ပါတယ်။ အင်္ဂပူ၊ဟင်္သာတ မှာ လေးယောက် တွေ့ပါတယ်၊ဒေးဒရဲ လေးယောက်တွေ့ပါတယ်၊ကျန်တာတွေက တစ်ယောက်စီ တွေ့တာ ရှိပါ တယ်။ လိုအပ်တဲ့ ကာကွယ်ဆေးတွေထိုးနေပါပြီ။ ပိုးတွေ့သူတွေ ရောဂါဖြစ်ပွားခဲ့ဖူးသူတွေကို ထိုးပေးရ ပါ တယ်။ ကာကွယ်ဆေးကိုလည်း ထိုးနိုင်ရင်ကောင်းပါတယ်၊ဖျားရင်ချက်ခြင်း သက်ဆိုင်ရာ ကျန်းမာရေးဌာနကို အမြန်သွားပြသင့်ပါတယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly