ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ပုဒ်မ- ၅ဝ၅(က)ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချ

19 July 2019
ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ပုဒ်မ- ၅ဝ၅(က)ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချ

လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်ကို ဝေဖန်ရေးသားခဲ့တဲ့ အရေးအသားတွေကြောင့် တရားစွဲဆိုခြင်း ခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်တရားသူကြီးက ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)နဲ့ စွဲချက်တင်ကြောင်း အမိန့်ချလိုက်ပြီဖြစ်ပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့မှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပြီးနောက် အခုလို စွဲချက်တင်ကြောင်း အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58921

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly