အသင်းမှာ မပျော်ရင် ထွက်သွားနိုင်တယ်လို့ ဆာနေးကို ဂွာဒီယိုလာ သတိပေး

19 July 2019
အသင်းမှာ မပျော်ရင် ထွက်သွားနိုင်တယ်လို့ ဆာနေးကို ဂွာဒီယိုလာ သတိပေး

နည်းပြ ဂွာဒီယိုလာက မန်ချက်စတာစီးတီးအသင်းမှာ ပျော်ရွှင်နေတဲ့ ကစားသမားတွေကိုပဲ ထိန်းသိမ်းထားဖို့သာ အလိုရှိတယ်လို့ ပြောဆိုလိုက်ပြီး ဘိုင်ယန်မြူးနစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လီရွိုင်ဆာနေးကို ဗုဒ္ဓဟူးနေ့က သတိပေးခဲ့ပါတယ်။

မနေ့က တရုတ်နိုင်ငံ၊ နန်ကျင်းမြို့မှာ ကစားခဲ့တဲ့ ရာသီကြိုအာရှခရီးစဉ်ပွဲစဉ်မှာ မန်စီးတီးက ဝက်စ်ဟမ်းကို (၄-၁)နဲ့ အနိုင်ရရှိခဲ့ပြီး ဆာနေးက ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ် ဆာနေးဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေပြီး အသင်းက သူ့ကို စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် ဂွာဒီယိုလာကတော့ ဂျာမန်လက်ရွေးစင်ကစားသမားရဲ့ အနာဂတ်အပေါ် သံသယတွေဖြစ်နေပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58910

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags