လွှတ်တော်တာဝန်ရှိသူများ လွှတ်တော်အခြေခံမူကို ချိုးဖောက်နေဟုဆို

19 July 2019
လွှတ်တော်တာဝန်ရှိသူများ လွှတ်တော်အခြေခံမူကို ချိုးဖောက်နေဟုဆို

“ဝန်ကြီးဌာနက လုပ်တာကို ကာကွယ်ပေးတဲ့ အဆင့်ဖြစ်သွားပြီ။ အဲ့တော့ ဝန်ကြီးဌာန လုပ်တာကိုမှားတယ်မှန်တယ် မပြောဘူး။မှားတယ်မှန်တယ်ဆိုတာ လွှတ်တေ်ာက ဆုံးဖြတ်ရမှာနော်။ အဲ့တော့ မှားတယ် မှန်တယ် ပြောခွင့်မပေးပဲနဲ့ တခါတည်းမှန်တယ် ဆိုပြီးတော့ လုပ်လိုက်ရင် နစ်နာတာကပြည်သူတွေ နစ်နာတယ်။ နောက်တစ်ခုက လွှတ်တေ်ာတာဝန်ရှိတဲ့ လူတွေကိုယ်တိုင်က လွှတ်တော်ရဲ့ အခြေခံမူတွေကိုချိုးဖောက်ရာကျနေပြီဆိုတာကို ကျွန်တေ်ာပြောချင်တယ်”

မြောက်ဦးမြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော

“ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်တွင် ယာယီရပ်ဆိုင်းခံထားရသော ဆက်သွယ်ရေး Internet ဝန်ဆောင်မှုအား အမြန်ဆုံးပြန်လည် သုံးစွဲခွင့်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို” ကို ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဇူလိုင်လ (၁၇) ရက်နေ့တွင် ကျင်းပသည့်  ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ရာ ပယ်ချခံခဲ့ရခြင်းနှင့် ပတ်သက်၍ ဦးဦးလှစောက ပြောဆိုခဲ့ခြင်းဖြစ်သည်။

 ရိုက်ကူးတင်ဆက် အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly