အေဂျက်ရဲ့ ဒီလစ် ဂျူဗင်တပ်စ်အသင်းကို ယူရို (၇၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်

အေဂျက်ရဲ့ ဒီလစ် ဂျူဗင်တပ်စ်အသင်းကို ယူရို (၇၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်
Photos: EPA

ဒတ်ချ်ခံစစ်မှူး ဒီလစ်ဟာ အေဂျက်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်း (ဒေါ်လာ ၈ ၄.၂ သန်း) နဲ့ ရောက်ရှိခဲ့ပြီး စာချုပ်ကို ကြာသပတေးနေ့ (ယနေ့) လက်မှတ်ရေးထိုးခဲ့တယ်လို့ အီတလျံချန်ပီယံက တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းက ရော်နယ်လ်ဒိုအတွက် ယူရို ၁၀၅ သန်း၊၊ ဟီဂူအင်အတွက် ယူရိုသန်း ၉၀ တို့နဲ့ ပေးချေ ခေါ်ယူခဲ့ပြီးနောက်မှာတော့ အသက် (၁၉)နှစ်အရွယ် ဒီလစ်အတွက် ပြောင်းရွှေ့ကြေးဟာ အသင်းရဲ့ သမိုင်းမှာ တတိယမြောက် တန်ဖိုးကြေးအကြီးဆုံး ခေါ်ယူမှုဖြစ်လာပါတယ်။

ဒီလစ်ဟာ လူငယ်အများစုနဲ့ဖွဲ့စည်းထားတဲ့ အေဂျက်ကို ပြီးခဲ့တဲ့ဘောလုံးရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် ခြေစွမ်းပြကူညီခဲ့ပြီးနောက် သူ့ကို ဥရောပရဲ့ ထိပ်သီးအသင်းတွေက ခေါ်ယူဖို့အတွက် ချိတ်ဆက်ခဲ့ပါတယ်။

သူဟာ အေဂျက်အသင်းအတွက် ပြိုင်ပွဲစုံ (၁၁၇)ပွဲကစား၊ (၁၃)ဂိုးအထိ သွင်းယူခဲ့ပြီး ပြီးခဲ့တဲ့ရာသီက သူဟာ တူရင်မှာ အေဂျက်အတွက် အနိုင်ဂိုးသွင်းယူခဲ့ပြီး ဂျူဗင်တပ်စ်ကို ကွာတားဖိုင်နယ်ကနေ ဖြုတ်ချခဲ့ပါတယ်။

ဒီလစ်ဟာ နယ်သာလန်လက်ရွေးစင်အသင်းအတွက် (၁၇)ပွဲကစားထားပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags