အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုခြင်းကို တားမြစ်ထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်

18 July 2019
အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုခြင်းကို တားမြစ်ထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်

သည်းထိတ်ရင်ဖိုစရာ ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့  “သူစိမ်းအိမ်” ရုပ်ရှင်ကို အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုခြင်းမပြုဖို့် တားမြစ်ထားတယ်လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။

 “သူစိမ်းအိမ်” ရုပ်ရှင်တွင် လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ လင်းဇာနည်ဇော်၊ ဖွေးဖွေး၊ မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ ချာလီ၊ ရှိန်းတင်ထူး၊ ဂျိုကာ၊ မော်ရိန်းလုဆန်၊ အားကိုးရာ စတဲ့  အနုပညာရှင်တွေပါဝင်သရုပ်ဆောင်ထားပြီး  ဝါရင့်သရုပ်ဆောင်တွေနဲ့ တက်သစ်စ သရုပ်ဆောင်တွေ  ယှဉ်တွဲသရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းကို စာရေးဆရာမ ခမ်းမွန် ရေးသားထားပြီး သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်ကို လူသတ်သမားတစ်ယောက်အနေနဲ့ တွေ့မြင်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရိုက်ကူး / တည်းဖြတ် - ဖူးအိအိနွယ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly