ပုဒ်မ ၅၉(စ) မပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်

18 July 2019
ပုဒ်မ ၅၉(စ) မပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်

“ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနှင့် သံဃာအချင်းချင်း သင်းကွဲအောင် သွေးခွဲ စော်ကားနေမှုများအား ဆန့်ကျင်ရှုတ်ချဆန္ဒထုတ်ဖော်ပွဲ” တစ်ရပ်အား ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့တွင် အမျိုးသားပြတိုက်ရှေ့မှ ရန်ကုန်မြို့တော်ခန်းမရှေ့အထိ ပြုလုပ်ခဲ့ကြသည်။ 

အမျိုးသားရေးတက်ကြွလှုပ်ရှားသူများနှင့် သံဃာအချို့ဦးဆောင်သည့် လူအင်အားတစ်ထောင်ခန့်က ဇူလိုင် ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ကာ မြို့မကျောင်းလမ်း အမျိုးသားကဇာတ်ရုံရှေ့မှ မဟာဗန္ဓုလပန်းခြံရှေ့အထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ ပုဒ်မ ၅၉ (စ) ထိပါးသူ ဒို့ရန်သူ၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဒို့အရေး၊ သာသနာနှင့် သံဃာအချင်းချင်း သင်းကွဲအောင် စော်ကားသူ ဒို့ရန်သူ” စသည့် ကြွေးကြော်သံများနှင့်အတူ ချီတက်ခဲ့ကြသည်။
ရိုက်ကူး၊တည်းဖြတ်-ကရိုင်နူးရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required