ဝန်ကြီးချုပ် ပရာယွတ် ဦးဆောင်သည့် ထိုင်းအစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆို

ဝန်ကြီးချုပ် ပရာယွတ် ဦးဆောင်သည့် ထိုင်းအစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆို

ဇူလိုင် ၁၇  ။         ။ စစ်အာဏာသိမ်းခေါင်းဆောင်ကနေ ဝန်ကြီးချုပ် ဖြစ်လာသူ ပရာယွတ် ချန်အိုချာ ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့သစ်ကတော့ ယမန်နေ့ ဇူလိုင် ၁၆ ရက်မှာ ထိုင်းဘုရင် မဟာ ဝီဇရလောင်ကွန်းရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

နိုင်ငံမှာ စစ်အုပ်ချုပ်ရေး ငါးနှစ်ကျော်တာ ကာလ ပြီးဆုံးပြီ ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်က ပရာယွတ်က ကြေညာခဲ့ပြီးနောက် ယခု ကျမ်းကျိန်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယခုကစလို့ နိုင်ငံအနေနဲ့ ပုံမှန် ဒီမိုကရေစီ နိုင်ငံအဖြစ် စတင်တော့မှာဖြစ်ကြောင်း ၎င်းက ပြောကြားသွားပါတယ်။

“ ရှေ့လာမယ့် လုပ်ငန်းတာဝန်အတွက် ကျွန်တော်တို့ ကြိုပြင်ဆင်ရမှာတွေကတော့ အစိုးရ မူဝါဒတွေ ထုတ်ဖော်ဖို့နဲ့ နိုင်ငံ၊ အမျိုးဘာသာ၊ ဘုရင်မင်းမြတ်၊ ကျွန်တော်တို့အားလုံး၊ ပြည်သူတွေအတွက် စည်းလုံးညီညွတ်မှု သရုပ်သကန်တစ်ခုကို ဖန်တီးဖို့ ဖြစ်ပါတယ်” လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ပြောသွားပါတယ်။

နိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်တာဝန်ယူထားခဲ့တဲ့ ပရာယွတ်ကတော့ ပြီးခဲ့တဲ့ မတ်လ ရွေးကောက်ပွဲအပြီးမှာ စစ်တပ်က ခန့်အပ်တဲ့ လွှတ်တော်ရဲ့ ရွေးချယ်ခြင်းကိုခံရကာ ဝန်ကြီးချုပ်နေရာမှာ ဆက်လက်ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required