ဦးကျော်ဆန်းအား အင်္ဂလိပ်စာ မတတ်ဟု ပြောကြားသူ အမှုဖွင့်ခံရ

ဦးကျော်ဆန်းအား အင်္ဂလိပ်စာ မတတ်ဟု ပြောကြားသူ အမှုဖွင့်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်၊ နွယ်ရှောက်ကျေးရွာနေသူ တစ်ဦးက ဦးကျော်ဆန်းအား အင်္ဂလိပ်စာ မတတ်ဟု ပြောကြားခဲ့ရာမှ ထိုသူမှာ အောက်တိုဘာ ၈ ရက်က အမှုဖွင့်ခံရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ အမှုမှတ်တမ်းတွင် တွေ့ရသည်။

ပုလဲမြို့နယ် နွယ်ရှောက်ကျေးရွာနေထိုင်သော  ပြည်ခိုင်ဖြိုးပါတီဝင် ဒေါ်သိန်းမေ၏ အိမ်ခြံထဲတွင် သူမ၏ မတ်တော်စပ်သူ ဦးကြည်နိုင်မှ သိုးများအား အမွေးရိတ်ပေးနေစဉ် တစ်ရွာတည်းနေသူ ဦးကြည်သန်း(၄၁) နှစ်မှ သိုးမွေးအား ပြောင်အောင် ရိတ်ခိုင်း ကာ NLDဟုရေးခိုင်းပြီး "ကျော်ဆန်းခိုင်းတာ မလုပ်နဲ့ ကျော်ဆန်းက အင်္ဂလိပ်စာ မတတ်ဘူး" ဟုပြောဆိုခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်လောင်းများအာ အရက်သေစာသောက် စားမူးရစ်ကာ ပုတ်ခတ်ပြောကြားခဲ့ပြီး ဆိုင်ကယ်အားလည်း ဆူညံစွာ မောင်းနှင် သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြပါရှိသည်။

ဦးကျော်ဆန်းအား အင်္ဂလိပ်စာ မတတ်ဟု ဆိုကာ ပုတ်ခတ်ပြောဆိုခဲ့သူအား ဒေါ်သိန်းမေက တရားလိုပြုလုပ်ကာ ပုလဲမြို့မ ရဲစခန်းမှ တဆင့်မြို့နယ်တရားရုံးသို့ ဦးတိုက်လျောက်ထား ခဲ့သည့်အတွက် မြို့နယ်တရာရုံးမှ ရာဇသတ်ကြီး ပုဒ်မ ၃၉၅\ ၂၀၁၅ ဖြင့် လက်ခံဆောင်ရွက်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required