အသက် ၃၀ ကျော်ရင် ဒါတွေမစားနဲ့တော့နော်

အသက် ၃၀ ကျော်ရင် ဒါတွေမစားနဲ့တော့နော်

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အသက်အရွယ်ကြီးရင့်လာလေေ ဇရာကြောင့် ခန္ဓာကိုယ်မှာ ချို့ယွင်းပျက်စီးတာတွေက များလာလေလေပါ။ ဒါကြောင့် ဂရုစိုက်နိုင်မှာ တော်ကာကျမယ့်အချိန်ဖြစ်လာတာပါ။ အသက် ၃၀ ကျော်လာတဲ့အခါ အသားအရေက စလို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေတိုင်း အားလုံးနီးပါးကို သေချာထိန်းသိမ်းဖို့လိုလာမှာပါ။ တကယ်လို့များ သေချာဂရုမစိုက်မိဘူးဆိုရင် အရွယ်မတိုင်ခင်အိုမင်းမှုက မဖိတ်ခေါ်ဘဲ သင့်ဆီကို ပျော်ပျော်ကြီးရောက်လာနိုင်ပါတယ်။ ဒီတော့ ဇရာကြောင့်ဖြစ်တဲ့ အိုမင်းမှုကို အချိန်မတိုင်ခင်ရောက်မလာစေဖို့ ဒါလေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။
အသက် ၃၀ ကျော်ရင် ဒါတွေမစားနဲ့တော့နော် လေဒီ

အသက် ၃၀ ကျော်လာပြီဆိုရင် နုပျိုမှုတွေက အလိုလိုပျောက်ကွယ်သွားတော့မှာပါ။ ဒါကြောင့် အချိန်မတိုင်ခင်အိုမင်းမှုကနေ ကာကွယ်တဲ့အနေနဲ့ ဒီအစားအစာတွေကို မစားဖို့ လေဒီလေးတို့ကို သတိပေးပါရစေနာ်။

အချိုပါတဲ့ ဒိန်ချဉ်

ဒိန်ချဉ်က ကျန်းမာရေးအတွက် သင့်တော်တယ်ဆိုပေမယ့် အသက် ၃၀ ကျော်လာပြီဖြစ်တ့ လေဒီလေးအတွက်တော့ အချိုကဲနေတဲ့ ဒိန်ချဉ်တွေက အရေးအကြောင်းတွေဖြစ်စေဖို့ အားဖြည့်ပေးနိုင်တာကြောင့် ဖြစ်နိုင်ရင် မစားကြဖို့ သတိပေးချင်ပါတယ်။ အချိုကဲလေလေ အသားအရေတင်းရင်းမှုကို ထိခိုက်စေလေလေပါ။ ဒါကြောင့် အချိုပါတဲ့ ဒိန်ချဉ်၊ရေခဲမုန့်တို့ကို မစားပါနဲ့။

ဆီသွတ်ဗူးတွေ

၂၀၁၃ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ ဆီသွတ်ဗူးတွေကို စားသုံးတာက သွေးပေါင်ချိန်ကို တိုးစေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းမှုကို ဖြစ်စေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ နောက်တစ်ချက်က ဆီသွတ်ဗူးတွေက BPA ပါဝင်နေတာကြောင့် လေဒီလေးတွေကို အဝလွန်စေတာမျိုးလည်းဖြစ်စေနိုင်သလို ကင်ဆာဖြစ်စေနိုင်တာမျိုးလည်းရှိနေပါတယ်။

ကင်ထားတဲ့အသားတွေ

ဒီအစားအစာတွေကလည်း လေဒီလေးတို့ကို ထိခိုက်စေနိုင်တ့ အစားအစာတွေထဲကတစ်ခုပါ။ မီးပြင်းပြင်းလေးနဲ့ ကင်ထားတဲ့ အသားကင်တွေက စားကောင်းတာမှန်ပေမယ့် အသက် ၃၀ ကျော်သွားတဲ့ လေဒီလေးတို့ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်ဆိုတာက အမှန်ပါ။ ဒါကြောင့် လေဒီလေးတို့အနေနဲ့ အသားကင်ကို ရှောင်သင့်ပါတယ်။

အချိုရည်တွေ

လဒီလေးတွေနဲ့ မသင့်တော်တဲ့အရာတွေထဲမှာ အချိုရည်တွေလည်းပါတယ်နော်။ နေ့ခင်းနေ့လယ် ပင်ပန်းနေလို့ဆိုပြီး အချိုရည်သောက်မိတာက အမောပြေစေနိုင်တယ်ဆိုပေမယ့် အသားအရေနဲ့ ခန္ဓာကိုယ်အပေါ်မှာတော့ ထိခိုက်မှုကြီးနိုင်တယ်နော် လေဒီ။ အကြောင်းကတော့ အချိုရည်တွေမှာ သကြားပါဝင်မှုများနေတာကြောင့်ပါ။

ပေါင်မုန့်အဖြူ

မနက်စာကို အများကြီးစားမိရင် အဝလွန်မှာစိုးလို့ဆိုပြီး ပေါင်မုန့်တစ်ချပ်လောက်နဲ့ ကော်ဖီ သောက်မယ်ဆိုတဲ့ စိတ်ကူးကို အသက် ၃၀ ကျော်နေပြီဆိုရင် မတွေးပါနဲ့တော့။ အကြောင်းက အသက် ၃၀ ပြည့်ပြီးပြီဖြစ်တဲ့ လေဒီလေးတို့အတွက် ပေါင်မုန့်အဖြူက အိုမင်းရင့်ရောင်မှုဖြစ်စေနိုင်လို့ပါ။ သွေးတွင်းသကြားဓာတ်ကို တိုးစေနိုင်လို့ ဆီးချိုလည်းဖြစ်စေနိုင်ပါသေးတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly