ဇူလိုင် ၁၆ ။ ။ Shyena အမျိုးအစား အဆင့်မြင့် အပေါ့စား တော်ပီဒိုများကို ပထမအသုတ်အဖြစ် အိန္ဒိိယက မြန်မာထံ လွှဲပေးလိုက်ပြီ ဖြစ်ကြောင်း Jane’s 360 သတင်းဌာနက ဖော်ပြပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၇ အစောပိုင်းက နေပြည်တော်မှာ နယူးဒေလီအစိုးရနဲ့အကြား လက်မှတ်ရေးထိုးထားခဲ့တဲ့ ကန်ဒေါ်လာ ၃၇ ဒသမ ၉ သန်းတန် သဘောတူစာချုပ် တစ်စိတ်တစ်ပိုင်းအဖြစ် ခုလို လွှဲပေးတာဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒိယရဲ့ စစ်ဘက်ဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးရေး အဖွဲ့အစည်း (DRDO) က ပုံစံထုတ်ထားတဲ့ ယင်း တော်ပီဒိုတွေကို ဇူလိုင်လ အစောပိုင်းမှာ မြန်မာ ရေတပ်ထံ လွှဲပေးလိုက်ပြီ ဖြစ်ကြောင်း တရားဝင် သတင်းရင်းမြစ်တွေကို ကိုးကားပြီး Janes က ဖော်ပြထားပါတယ်။
လွှဲပေးလိုက်တဲ့ တော်ပီဒို အရေအတွက် ဘယ်လောက်လဲ ဆိုတာကိုတော့ ဖော်ပြခြင်း မရှိပါဘူး။
၂၀၁၂ အစောပိုင်းမှာ အိန္ဒိယရေတပ်မှာ စတင်အသုံးပြုခဲ့တဲ့ ယင်း Shyena တော်ပီဒိုတွကတော့ ပြောင်းသုံးပြောင်း လောင်ချာတွေကနေတဆင့် သင်္ဘောပေါ်တွေ ၊ ရဟတ်ယာဉ်တွေပေါ်ကနေ ပစ်လွှတ်နိုင်တယ်လို့ သိရပါတယ်။