တရုတ်ကုန်သည်တွေကို ရှုတ်ချပြီး ဟောင်ကောင်မှာ ဆန္ဒပြ

တရုတ်ကုန်သည်တွေကို ရှုတ်ချပြီး ဟောင်ကောင်မှာ ဆန္ဒပြ

ဟောင်ကောင်၊ ဇူလိုင် ၁၅ ။          ။ ဟောင်ကောင်မှာ ပြည်သူထောင််ပေါင်းများစွာဟာ တရုတ်ကုန်သည်တွေကို ရှုတ်ချဖို့ စနေနေ့က လမ်းတွေပေါ် ထွက်လာကြပြီး ဆန္ဒပြကြပါတယ်။

နယ်စပ်မြို့တစ်မြို့က ကုန်စည်တွေကို ဝယ်ယူပြီး တရုတ်ပြည်မကြီးဆီ ပြန်ရောင်းနေတဲ့ တရုတ်ကုန်သည်တွေကို ရှုတ်ချဆန္ဒပြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်မှာ တရားခံ တရုတ်ဆီ လက်လွှဲပေးအပ်တဲ့ ဥပဒေကြမ်းကို ဆန့်ကျင်ပြီး ဆန္ဒပြမှုကြီးတွေ ဖြစ်ပွားထားတာကြောင့် အခု ဆန္ဒပြပွဲဟာလည်း ဟောင်ကောင်ကို ထပ််မံ လှုပ်ခတ်စေတဲ့ ဆန္ဒပြပွဲပဲ ဖြစ်ပါတယ်။

တရုတ်နယ်စပ်ဆီ မိနစ်အနည်းငယ်ပဲ ကားမောင်းသွားရင် ရောက်တဲ့ နယ်စပ်မြို့ ရှောင်းရွီမြို့မှာ ဆန္ဒပြကြတာဖြစ််ပြီး ပွဲစီစဉ်သူတွေကတော့ အင်အား နှစ်သောင်းကျော် ရှိမယ်လို့ ခန့်မှန်းပါတယ်။

ရှောင်းရွှီမြို့ခံတွေဟာ တရုတ်ပြည်မကြီး ကုန်သည်တွေဟာ မြို့ဆီ လာပြီး ကုန်စည်တွေ အမြောက်အမြား လက်သိပ်ထိုးဝယ်ကာ ပြည်မကြီးဆီ စျေးတင်ပြန်ရောင်းနေကြောင်း ပြောဆိုတိုင်ကြားလာခဲ့တာဟာ နှစ်အတန်ကြာကတည်းက ဖြစ်ပါတယ်။

ဟောင်ကောင်ပြည်သူ တော်တော်များများ ကန့်ကွက်တဲ့ တရုတ်ဆီ တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ပယ်ဖျက််လိုက်ပြီလို့ ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်းက ကြေညာခဲ့ပြီး လေးရက်မြောက်မှာ အခု ဆန္ဒပြပွဲ ဖြစ်ပွားလာတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly