ဆိုမာလီယာရှိ ဟိုတယ်တစ်လုံးကို သေနတ်သမားများ ဝင်ရောက်စီးနင်းပစ်ခတ်၊ လူ ၂၆ ဦး သေဆုံး

ဆိုမာလီယာရှိ ဟိုတယ်တစ်လုံးကို သေနတ်သမားများ ဝင်ရောက်စီးနင်းပစ်ခတ်၊ လူ ၂၆ ဦး သေဆုံး

ဇူလိုင် ၁၄ ။        ။ ဆိုမာလီယာနိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ကစ်မေယိုရှိ နာမည်ကျော် ဟိုတယ်တစ်ခုကို သေနတ်သမားတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့လို့ လူ ၂၆ ဦး သေဆုံးပြီး ၅၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယင်းတိုက်ခိုက်မှုကတော့ အစ္စလမ္မစ် စစ်သွေးကြွ အယ်လ် ရှာဘတ် အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၂ ရက် ညပိုင်းက မက်ဒိုင်းနာ ဟိုတယ်ထဲကို အသေခံဗုံးခွဲသမားတစ်ဦးက ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားတစ်စီးနဲ့ ဝင်ရောက်ဖောက်ခွဲခဲ့ပြီးမှ သေနတ်သမားတွေက နောက်ကနေ လိုက်ဝင်စီးနင်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ယင်းတိုက်ခိုက်မှုက ၁၂ နာရီခန့် ကြာမြင့်ခဲ့ပြီး ဇူလိုင် ၁၃ ရက် အစောပိုင်းကျမှ အဆုံးသတ်သွားခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဒါကတော့ ကစ်မေယိုမြို့မှာ ၂၀၁၂ နောက်ပိုင်း အယ်လ် ရှာဘတ်အဖွဲ့က ကျူးလွန်တဲ့ အကြီးဆုံး တိုက်ခိုက်မှုလည်းဖြစ်လာခဲ့ပါတယ်။

ဟိုတယ်အတွင်း သေနတ်သမားတွေရဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် နိုင်ငံခြားသားတွေအပါအဝင် လူသိများတဲ့ ဂျာနယ်လစ်တစ်ဦးလည်း သေဆုံးသွားကြောင်း သိရပါတယ်။

ယင်းဟိုတယ်ကတော့ နိုင်ငံရေးသမားတွေ၊ လူသိများတဲ့ စီးပွားရေးသမားတွေ ပုံမှန် လာရောက်စုဝေးလေ့ ရှိတဲ့ ဟိုတယ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly