အပူပိုင်းမုန်တိုင်း ဘယ်ရီ ချဉ်းကပ်လာစဉ် သမ္မတဒေါ်နယ်ထရမ့် အရေးပေါ်အခြေအနေ ကြေညာ

အပူပိုင်းမုန်တိုင်း ဘယ်ရီ ချဉ်းကပ်လာစဉ် သမ္မတဒေါ်နယ်ထရမ့် အရေးပေါ်အခြေအနေ ကြေညာ

ဇူလိုင် ၁၂ ။            ။ အင်အားပြင်းထန်မယ့် ဘယ်ရီ မုန်တိုင်းက နယူးအော်လင်းစ်မြို့ထံ ဦးတည်ချဉ်းကပ်လာနေစဉ်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရေးပေါ်အခြေအနေတစ်ရပ်ကို ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လက်ရှိမှာ နိုင်ငံတောင်ပိုင်းမြို့အနေနဲ့ သီတင်းပတ်ကုန်အတွင်း ပြင်းထန်တဲ့ လေပြင်းမုန်တိုင်းနဲ့ ကြုံတွေ့ရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ရာသီဥတုစနစ်က ဇူလိုင် ၁၂ ရက် သို့မဟုတ် ၁၃ ရက်မှာ လူဝီစီးယားနား ကမ်းရိုးတန်းနား ရောက်လာချိန် ဟာရီကိန်း မုန်တိုင်းအဆင့် ရောက်ရှိဖွယ် ရှိကြောင်း အမျိုးသား ဟာရီကိန်း စင်တာက ထုတ်ပြန်ထားပါတယ်။

ယင်း အခြေအနေကြောင့် လက်ရှိမှာလည်း အနိမ့်ပိုင်းကျတဲ့ နယူးအော်လင်းစ်မြို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ထားနှင့်ပြီး ဖြစ်ပါတယ်။

သမ္မတ ထရမ့်ကတော့ ယခုအချိန်မှာ အရေးပေါ် အမျိုးသား သဘာဝဘေး ကြေညာချက်ကို ထုတ်ပြန်လိုက်ပြီဖြစ်တဲ့အတွက် ဖယ်ဒရယ် အေဂျင်စီတွေအနေနဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ကြရတော့မှာဖြစ်ပါတယ်။

လူဝီစီးယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ဘဲလ် အက်ဝါ့ဒ်က ပန်ကြားခဲ့ပြီးနောက် ထရမ့်က အရေးပေါ် အခြေအနေ ကြေညာပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required