တောင်ကိုရီးယား စစ်တပ်အတွင်းမှာ လိင်စော်ကားမှုတွေ ဖြစ်ပွားနေ

တောင်ကိုရီးယား စစ်တပ်အတွင်းမှာ လိင်စော်ကားမှုတွေ ဖြစ်ပွားနေ

ဆိုးလ်၊ ဇူလိုင် ၁၂ ။         ။ အရွယ်ရောက် အမျိုးသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရတဲ့ တောင်ကိုရီးယား စစ်တပ်အတွင်းမှာ လိင်စိတ်သွေဖည်သူ၊ လိင်တူဆက်ဆံသူတွေကို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ အကြမ်းဖက်ခြင်းနဲ့ လိင်စော်ကားတာတွေ ဖြစ်ပွားနေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI က ဖော်ပြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အသက် ၁၈ နှစ်နဲ့ ၅ နှစ်ကြား အမျိုးသားတွေဟာ ၂၁ လကနေ ၂၄ လကြာ ကာလအထိ စစ်မှုထမ်းကြရပြီး တစ်နှစ်တစ်နှစ်ကို ဒီလို စစ်မှုထမ်းရတဲ့ ဦးရေဟာ လေးသိန်းနီးပါး ရှိပါတယ်။

စစ်ထဲဝင်ရောက်ဖို့ စာရင်းပေးချိန် လူသစ်စုဆောင်းချိန်မှာ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ကတော့ “မင်းဟာ အမျိုးသားတွေကို စိတ်ဝင်စားသလား။”ဆိုတာပဲ ဖြစ်ပါတယ်။

စစ်သားအဖြစ် လူသစ်စုဆောင်းခံရတဲ့ မိန်းမလျာတွေဟာ သူတို့ရဲ့ လိင်စိတ်သွေဖည်မှုကို ဖုံးကွယ်ရန်နဲ့ စော်ကားအနိုင်ကျင့်မခံရအောင် အဲဒီမေးခွန်းကို တော်တော်များများက ငြင်းကြကြောင်း AI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ပတ်ဝန်းကျင်အသိုင်းအဝန်းမှာက ခွဲခြားဆက်ဆံတာတွေ၊ အနိုင်ကျင့်စော်ကားတာတွေကြောင့် လိင်စိတ်သွေဖည်သူ တော်တော်များများဟာ သူတို့ရဲ့ သရုပ်သကန်မှန်ကို ဖုံးကွယ်ထားတတ်ကြပါတယ်။”လို့ AI ရဲ့ အရှေ့အာရှဆိုင်ရာ သုတေသနညွှန်ကြားရေးမှူး ရိုစိန်းရစ်ဖ်က ပြောပါတယ်။

တော်တော်များများ မိန်းမလျာစစ်သားတွေဟာ သူတို့ရဲ့ အဖြစ်သနစ်ကို မိသားစုတွေလည်း အသိမခံသလို တပ်ထဲမှာလည်း ဖုံးကွယ်ရင်းနဲ့ စစ်မှုထမ်းကာလတစ်လျှောက်လုံးကို ဖြတ်ကျော်ဖို့ ကြိုးစားကြရတယ်လို့ AI အဖွဲ့က ထုတ်ပြန်တဲ့ ‘တိတ်တဆိတ်စွာ အမှုထမ်းခြင်း’ဆိုတဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required