ပေါ့ဂ်ဘာအတွက် ကမ်းလှမ်းမှုတွေ ရရှိထားတယ်ဆိုတာ မဟုတ်ကြောင်း မန်ယူနည်းပြ ငြင်းဆို

12 July 2019
ပေါ့ဂ်ဘာအတွက် ကမ်းလှမ်းမှုတွေ ရရှိထားတယ်ဆိုတာ မဟုတ်ကြောင်း မန်ယူနည်းပြ ငြင်းဆို

*******************
မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ ဆိုးလ်ရှားက ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာအတွက် အသင်းအနေနဲ့ ဘယ်ကမ်းလှမ်းမှုတွေမှ လက်ခံရရှိထားခြင်း မရှိသေးဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောဆိုသွားပါတယ်။

သြစတြေးလျမှာ ပတ်ဂလိုရီအသင်းနဲ့ ကစားမယ့် ယူနိုက်တက်ရဲ့ ခြေစမ်းပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပေါ့ဂ်ဘာရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ဆိုးလ်ရှားကို မေးမြန်းရာမှာ "အခုချိန်ထိ ကျနော် သတိထားမိတာက အသင်းကစားသမားတွေအတွက် ဘယ်ကမ်းလှမ်းမှုမှ မရှိသေးပါဘူး။"လို့ ထောက်ပြခဲ့ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58720
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required