ဂရိမှာ မုန်တိုင်းတိုက်ခတ်၍ ခရီးသွား ၆ ဦး သေဆုံး

ဂရိမှာ မုန်တိုင်းတိုက်ခတ်၍ ခရီးသွား ၆ ဦး သေဆုံး

ဇူလိုင် ၁၁ ။         ။ ဂရိနိုင်ငံ မြောက်ပိုင်းမှာ ပြင်းထန်တဲ့ မုန်တိုင်း ဝင်တိုက်ခတ်ခဲဲ့လို့ နိုင်ငံခြားခရီးသွားဧည့်သည် ခြောက်ဦး သေဆုံးပြီး လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာရရှိသွားတယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၁၁ ရက်မှာ ပြောပါတယ်။

ဇူလိုင် ၁၀ ရက် ညနေပိုင်းက ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မှု များပြားတဲ့ နေရာတစ်ခုဖြစ်တဲ့ Halkidiki ဒေသ ကမ်းခြေကို လေပြင်းတွေ၊ မိုးသီးမုန်တိုင်းတွေ ကျရောက်ခဲ့တာဖြစ်ပြီး အားလပ်ရက် ခရီးထွက်လာသူတွေကို အထိတ်တလန့် ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

“ ငါးမိနစ်လောက်အတွင်း ငရဲကျနေသလို ခံစားခဲ့ရပါတယ်” လို့ ယင်းကမ်းခြေက အရက်ဘားပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဟားရစ် လာဇာရီဒစ်က ပြောပါတယ်။

ယင်း နေရာမှာ တိုက်ခဲ့တဲ့ မုန်တိုင်းအတွင်း  အသက် ၅၄ နှစ်အရွယ် ရိုမေးနီးယားနိုင်ငံသူတစ်ဦးနဲ့ သူမရဲ့ သားဖြစ်သူတို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ အကုန်လုံး ကြောက်နေခဲ့ကြပါတယ်၊ ဟိုပြေး ဒီပြေး ပုန်းကြတဲ့ သူတွေ အများကြီးပါပဲ” လို့ ၎င်းက ပြောသွားပါတယ်။

ယင်း ပြင်းထန် မုန်တိုင်းကြောင့် လူပေါင်း ၃၀ ကျော်လောက်လည်း ဒဏ်ရာတွေ ရရှိကုန်လို့ ဆေးရုံတက်နေရလျက် ရှိတယ်လ်ို့ သိရပါတယ်။

ယင်းနေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကတော့ မိနစ် ၂၀ မျှသာ ကြာမြင့်ခဲ့တယ်ဆိုပေမယ့် ယင်းကြောင့် ကားတွေ မှောက်ကုန်တာ၊ သစ်ပင်တွေ လဲတာ၊ အမိုးတွေ လန်တာ၊ ရွှံ့ပြိုမှုတွေဖြစ်တာတို့ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly