ကျောင်းသားတွေကို အတင်းအကျပ် ဆံပင် ညှပ်ပစ်တာကို အာဖဂန်မှာ တားမြစ်

ကျောင်းသားတွေကို အတင်းအကျပ် ဆံပင် ညှပ်ပစ်တာကို အာဖဂန်မှာ တားမြစ်

ကဘူးလ်၊ ဇူလိုင် ၁၁ ။       ။ အာဖဂန်နစ္စတန်၊ မြို့တော်ကဘူးလ်က အထက်တန်းကျောင်းသား အသက် ၁၅ နှစ်အရွယ် ဘာဒါအာမာဟာ ကျောင်းမှာ အပြစ်ပေးခံရပြီး ဆံပင် ညှပ်ပစ်တာ ခံရလို့ အတန်းဖော်တွေရဲ့ လှောင်ပြောင်ရယ်မောမခံရအောင် ကျောင်းတက််တော့ခြင်း မရှိတော့ပါဘူး။

“မနှစ်က ကျွန်တော် အတန်းထဲမှာ ဆံပင် ညှပ်ခံရတယ်။ ကျွန်တော် တော်တော်လေး ရှက်ပါတယ်။ အတန်းထဲမှာ ဝိုင်းရယ်၊ ၀ိုင်းဟားခံရတယ်။”လို့ အာမတ်က ပြောပါတယ်။

ဒီလို စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို ဆံပင်ညှပ်ပစ်ပြီး အပြစ်ပေးတာကို အစိုးရက ခုလ အစောပိုင်းမှာ တရားဝင် တားမြစ်ချက် ထုတ်လာပါတယ်။ အာဖဂန်မှာ ယောက်ကျားလေး ကျောင်းသားတွေကို အပြစ်ပေးရင် ခုလို အတင်းအကျပ် ဆံပင်ညှပ်ပစ်ပြီး အပြစ်ပေးတာမျိုးတွေက ဓလေ့တစ်ခုလို ဖြစ်တည်နေပါတယ်။

“ခုနှစ်မှာတော့ ကျွန်တော် ကျောင်းပြန်တက်ပြီး သင်ခန်းစာတွေကို ပြန်လုပ်တော့မှာ ဖြစ်ပါတယ်။”လို့ အာမတ်က ပြောပါတယ်။

အာမတ်လို ဆယ်ကျော်သက်ကျောင်းသားလေးအတွက် အရှက်ရပြီး ကျောင်းက ထွက်လာတဲ့အထိ ဖြစ်ခဲ့ရပေမယ့် ခုချိန်မှာ ကျောင်းပြန်တက်ချင်လာတာကတော့ အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းသစ် ပြ႒ာန်းလာတာကြောင့်ပါပဲ။

အာဖဂန်အစိုးရသစ်ဟာ ဇူလိုင် ၂ ရက်နေ့မှာ စာသင်ကျောင်းတွေမှာ ဆံပင်ညှပ်ပစ်တာကို တင်းတင်းကျပ်ကျပ် တားမြစ်တဲ့ စည်းမျဉ်းကို ပြဌာန်းလာတာပဲ ဖြစ်ပါတယ်။

အစိုးရရဲ့ တိုင်းပြည်ပညာရေးစနစ် အပြောင်းအလဲ ဖော်ဆောင်ရာမှာ ခုလို စည်းမျဉ်းသစ်ကိုပါ ထည့်သွင်း ချမှတ်လာတာအတွက် အာဖဂန်က အရိုးစွဲနေတဲ့ စာသင်ကျောင်းတွေမှာ ဆံပင်ညှပ်ပစ်ပြီး အပြစ်ပေးတဲ့ ထုံးစံဟာ အတိတ်ရဲ့ အမွေဆိုးအဖြစ် ကျန်ရစ်ပပျောက်သွားနိုင်ဖို့ ရှိနေပါတော့တယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly