ပြည်ခိုင်ဖြိုး ရန်ကုန် ဟောပြောပွဲ ပွဲမပြီးခင် ထမပြန်ဖို့ မေတ္တာရပ်ခံ

ပြည်ခိုင်ဖြိုး ရန်ကုန် ဟောပြောပွဲ ပွဲမပြီးခင် ထမပြန်ဖို့ မေတ္တာရပ်ခံ

အောက်တိုဘာလ ၁၀ရက်၊ သင်္ကန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦး စေတီအနီးရှိ ဘောလုံး ကွင်းအတွင်း ပြုလုပ်သည့် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် ပွဲမပြီးခင် ထမပြန်ကြရန် ယင်းပွဲ မစမီကပင်မေတ္တာရပ်ခံခဲ့ရသည်။

" မြို့နယ်အသီးသီးမှ တက်ရောက်လာကြတဲ့ ပါတီဝင်များအနေဖြင့် ဟောပြော ပွဲကြီးပြီးဆုံးတဲ့အထိကို မိမိတို့ရဲ့ အသီးသီး အသီးသီး တာဝန်ကို အမြင့်ဆုံးကို ရှေ့ရှု ပီးတော့မှ ဆောင်ရွက်ပေးနိုင်ဖို့အရေးကို ရိုးသားစွာ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်။" ဟု ဟောပြောပွဲမစတင်မီကပင် အခမ်းအနားမှူးက တိုက်တွန်းခဲ့သည်။

အောက်တိုဘာ ၁၀ရက်၊ သင်္ကန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦး စေတီအနီးရှိ ဘောလုံးကွင်း အတွင်းပြုလုပ်သည့် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် အမျိုးသား လွှတ်တော် ဒုတိယနာယက ဦးမြညိမ်းက ၂၆ မိနစ်နှင့် တိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ တိုင်းပါတီ ဥက္ကဌလည်းဖြစ်သူ ဦးမြင့်ဆွေက နာရီဝက်ခန့်ကြာ အသီးသီး ဟောပြောခဲ့ကြသည်။

နေပြည်တော်နယ်မြေတွင် ဗိုလ်ချုပ်ကြီး(ငြိမ်း) လှဌေးဝင်း၊ ဒု-ဗိုလ်ချုပ်ကြီး ဝေလွင်တို့ ပါဝင်ဟောပြောသည့်  ဟောပြောပွဲ၊ လူထုတွေ့ဆုံပွဲတွင်မူ ဟောပြောပွဲ မပြီးခင်ပါတီဝင်များက ပြန်လည်ထွက်ခွာ ခဲ့သဖြင့် ဟောပြောသူများ ကိုယ်တိုင်ကပင် ဆက်လက်နားထောင်ပေးရန် တောင်းဆိုရသည့်ဖြစ်ရပ် ဖြစ်ပေါ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly