၂၀၂၀ ရွေးကောက်ပွဲအတွက် စံ သတ်မှတ်ချက်များ ချမှတ်ဆောင်ရွက်နေ

11 July 2019
၂၀၂၀ ရွေးကောက်ပွဲအတွက် စံ သတ်မှတ်ချက်များ ချမှတ်ဆောင်ရွက်နေ

၂၀၂ဝခုနှစ် ရွေးကောက်ပွဲအတွက် စံ ၅ ရပ်ချပြီး လုပ်ဆောင်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ ့ဝင် ဦးသန်းအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်းဒေသကြီးအတွင်းရှိ ပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍအစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံ ဆွေးနွေးပွဲကို ဇူလိုင်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲကော်မရှင်အနေနဲ ့တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်ရေးအတွက် စံငါးရပ်နဲ ့ ချမှတ်ဆောင်ရွက်နေပါတယ်။ လွတ်လပ်ရမယ်။ တရားမျှတရမယ်။ ပွင့်လင်းမြင်သာမှု ရှိရမယ်။ အများ ယုံကြည်လက်ခံရမယ်။ ရွေးကောက်ပွဲရလဒ်ဟာပြည်သူဆန္ဒနဲ ့တထပ်ထဲကျရမယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ ့ဝင် ဦးသန်းအောင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၁၉ခုနှစ်ကို မဲစာရင်း ကောက်ယူရေးနှစ် အဖြစ် သတ်မှတ်ပြီး ဇွန်လမှ စတင်ကာ မဲစာရင်းကောက်ယူရေး၊၊မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

ရိုက်ကူး - စည်သူမောင်မောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly