ဂျပန်နိုင်ငံမှာ ပညာသင်ပြီး အလုပ်လုပ်ဖို့ ကျောင်းသားခေါ်ယူ

11 July 2019
ဂျပန်နိုင်ငံမှာ ပညာသင်ပြီး အလုပ်လုပ်ဖို့ ကျောင်းသားခေါ်ယူ

ဂျပန်နိုင်ငံရဲ့ လူမှုဖူလှုံရေးကောလိပ်မှာ Full Scholor နဲ့ ပညာသင်ပြီး ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ကျောင်းသားအယောက် ၂ဝ လောက် ခေါ်ယူသွားမယ်လို့ သိရပါတယ်။ အသက် ၂ဝ မှ ၃၅ နှစ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

သွားရောက်မယ့် ကျောင်းသားတွေအနေနဲ့ ဂျပန်နိုင်ငံက ကောလိပ်မှာ ကျန်းမာရေးစောင့်ရှောက်မှုဘာသာရပ်ကို သင်ယူရမှာဖြစ်ပြီး သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ အနည်းဆုံး ၅ နှစ်တာ ဝင်ရောက်လုပ်ကိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဂျပန်နိုင်ငံသို့ ကျန်းမာရေးစောင့်ရှောက်မှု ပညာသင်စေလွှတ်ပြီး အလုပ်လုပ်ကိုင်စေတဲ့ အစီအစဉ်ကို မြန်မာနိုင်ငံက Yamato High Grade ဂျပန်ဘာသာစကားသင်တန်းကျောင်းနဲ့ ဂျပန်နိုင်ငံက လူမှုဖူလှုံရေးကောလိပ်ကျောင်း၊ ကျောင်းသားစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်လျှက်ရှိပြီး ဇူလိုင်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့၊ Melia Hotel မှာ သဘောတူလတ်မှတ်ရေးထိုးခဲ့တာပါ။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly