အင်းစိန်၊ ဗဟိုလမ်းမတွင် ဖြစ်ပွားသော အကြမ်းဖက်၊အဓမ္မပြုရန် ကြံစည်ခံရသူ အမျိုးသမီးနှင့် တွေ့ဆုံမေးမြန်းမှု

11 July 2019
အင်းစိန်၊ ဗဟိုလမ်းမတွင် ဖြစ်ပွားသော အကြမ်းဖက်၊အဓမ္မပြုရန် ကြံစည်ခံရသူ အမျိုးသမီးနှင့် တွေ့ဆုံမေးမြန်းမှု

''ဒီချိန်မှာ လူတွေလည်း ဘယ်လူမှ မပြတ်သေးဘူး။ ကားတွေလည်း သွားနေတယ်။ လမ်းပေါ်မှာ မီးတွေလည်း လင်းနေတယ်။ မိုးလည်း မရွာဘူး။ အဲ့ချိန်မှာ အဲ့ဒီလိုလုပ်တာ ဘယ်တော့မှ အဲဒီလူကို မကျေနပ်ဘူး။ ညီမ ညဘက်ဆိုရင် အဲဒီလူကြောင့် ညီမကို အဲဒီလိုလုပ်ခဲ့တာတွေ ပြန်တွေးမိရင် အိပ်ရင်းနဲ့တောင် အသားတုန်တယ်။ ''- ကာယကံရှင်အမျိုးသမီး

ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့ည ၁၀ နာရီခွဲခန့်တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဗဟိုလမ်းမကြီးပေါ်တွင် အမျိုးသမီးတစ်ဦးကို သူစိမ်းအမျိုးသားတစ်ဦးက အကြမ်းဖက်ရိုက်နှက်ပြီး အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ 

''သူနဲ့ ပတ်သတ်မှုလည်း မရှိပဲနဲ့ မတရားကြီး နှိပ်စက်ထားတယ်။ အဲ့လိုဖြစ်တာဆိုတော့ အမတို့ ရင်ထဲမှာ မကောင်းဘူး။ ကိုယ့်ညီမဖြစ်ရင် ကိုxယ့်သမီးဖြစ်ရင် ပိုခံစားရမှာ။ ကိုယ်တိုင်ဆိုရင်လည်း ဘယ်လိုမှ ဖြည်နိုင်မှာမဟုတ်ဘူး။ အမှန်တရားအတိုင်း ဆုံးဖြတ်ပေးစေချင်တယ်။''  - မျက်မြင်သက်သေများမှ တစ်ဦး

ရိုက်ကူး၊ တည်းဖြတ်-ကရိုင်နူးရာ

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58715 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly