Uber က ရဟတ်ယာဉ် တက္ကစီဝန်ဆောင်မှု စတင်ပြေးဆွဲ

Uber က ရဟတ်ယာဉ် တက္ကစီဝန်ဆောင်မှု စတင်ပြေးဆွဲ

နယူးယောက်၊ ဇူလိုင် ၁၀ ။         ။ Uber ကုမ္ပဏီဟာ ၎င်းရဲ့ ပထမဆုံး ရဟတ်ယာဉ် တက္ကစီဝန်ဆောင်မှုကို မန်ဟန်တန်ကနေ ဂျေအက်ဖ်ကေလေဆိပ်ဆီ ခရီးသည်တွေကို တင်ဆောင်ပြေးဆွဲပြီး ဝန်ဆောင်မှု စတင်လိုက်ပြီဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအနှံ့ ပျံသန်းပြေးဆွဲဖို့ စီစဉ်ထားတဲ့ အဲဒီ ရဟတ်ယာဉ် တက္ကစီဝန်ဆောင်မှုကို ခရီးသည်တွေအနေနဲ့ အက်ပရီကေးရှင်းကနေ မှာယူစီးနင်းနိုင်မှာ ဖြစ်ပါတယ်။

အိမ်ကနေ လေဆိပ်အရောက် ခရီးစဉ်တစ်ကြောင်းကို အမေရိကန်ဒေါ်လာ ၂၀၀ မှ ၂၅၀ ကြားနဲ့ အချိန် ရှစ််မိနစ်လောက်နဲ့ အရောက်စီးနင်းသွားရောက်နိုင်မှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မန်ဟန်တန်ကနေ အနောက်ဖက်ခြမ်းအဝေးပြေးလမ်းထိ ရဟတ်ယာဉ်တက္ကစီကို ပြေးဆွဲပေးနေပါပြီ။

ခရီးသည်တွေအနေနဲ့ ရဟတ်ယာဉ် တက္ကစီတွေကို ချက်ချင်း လှမ်းမှာ စီးနင်းနိုင်သလို ငါးရက်ကြိုပြီး မှာထားက ကိုယ်လိုတဲ့အချိန်မှာ စီးနင်းနိုင်ဖို့ ဝန်ဆောင်မှု ပေးထားတာ ဖြစ််ပါတယ်။

Uber Copter ဆိုတဲ့ အခု ရဟတ်ယာဉ် ဝန်ဆောင်မှုမှာ ခရီးစဉ် တစ်ကြောင်းအတွင်း ခရီးသည်ငါးဦးကို ၎င်းတို့ရဲ့ ဝန်စည်စလွယ်လက်ကိုင်အိတ်တွေနဲ့အတူ လိုရာခရီးကို ပို့ဆောင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required