မုံရွာတွင် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ် ဆိုင်းဘုတ် ခိုးယူခံရ

မုံရွာတွင် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ် ဆိုင်းဘုတ် ခိုးယူခံရ

မုံရွာမြို့နယ် တောင်ပုံ ကျေးရွာတွင် စိုက်ထူထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မဲဆွယ် ဆိုင်းဘုတ်အား ဖြုတ်ယူခိုးယူခံရ၍ အောက်တိုဘာ ၉ ရက်က အမှုဖွင့်လှစ်ခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တောင်ပုံကျေးရွာနေ ဦးဆွေ၏ နေအိမ် အရှေ့ ခြံစည်းရိုး အပြင်ဘက်လမ်းဘေးတွင် စိုက်ထူ ထားသောသည့် နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးဓါတ်ပုံပါသည့် ဆိုင်းဘုတ်အား စက်တင်ဘာ ၃၀ ရက်က ဖြုတ်ယ ူခံရခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဌ ဦးခင်မောင်ဝင်း မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မုံရွာမြိုမရဲစခန်းမှ (ပ)၅၁၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုံရွာမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဦးသန်းထွန်းအောင်၊ တိုင်းဒေသကြီးမဲဆန္ဒနယ်( ၁)မှ ဦးဟန်ဇော်ထွန်း နှင့် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ အောင်ကျော်ဦး တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly