တစ်လအတွင်း တရားရုံးသို့ ဦးဝီရသူ လာဖြေရှင်းရန် ထုတ်ပြန်ချက်စာရွက်များ ဖြန့်ဝေမည်

10 July 2019
တစ်လအတွင်း တရားရုံးသို့ ဦးဝီရသူ လာဖြေရှင်းရန် ထုတ်ပြန်ချက်စာရွက်များ ဖြန့်ဝေမည်

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် အမျိုးသားရေးဆရာတော် ဦးဝီရသူအား တစ်လအတွင်း လာရောက်အဖမ်းခံဖြေရှင်းရန် ရေးသားထားသော ထုတ်ပြန်ချက်စာရွက်များကို ထင်ရှားသော နေရာများ၌ ကပ်၍ ဖြန့်ဝေသွားမည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ ဇူလိုင် ၉ ရက်က အမိန့်ချခဲ့သည်။

တရားလိုသက်သေ ၉ ယောက်လုံးကို စစ်ဆေးအပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ၈၇၊ ၈၈ အရ “ထွက်ပြေး တိမ်းရှောင်နေသူအတွက် ထုတ်ပြန်ကြေညာခြင်း” အမိန့်ကို တရားသူကြီးက ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံး ပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောသည်။

ရိုက်ကူး / တည်းဖြတ် - စိုးသူအောင်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58665
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly