ဗစ်တိုးရီးယား အမှုတွင် ကာကယံရှင် မိန်းကလေးငယ်ကို စိုးရိမ်ကြောင့်ကြမှု မရှိသည့်  ပတ်ဝန်းကျင်ကောင်းတွင် စစ်ဆေးမည်

10 July 2019
ဗစ်တိုးရီးယား အမှုတွင် ကာကယံရှင် မိန်းကလေးငယ်ကို စိုးရိမ်ကြောင့်ကြမှု မရှိသည့်  ပတ်ဝန်းကျင်ကောင်းတွင် စစ်ဆေးမည်

ဗစ်တိုးရီးယား အမှုတွင် ကာကယံရှင် မိန်းကလေးငယ်ကိုသက်သေအဖြစ် စစ်ဆေးသည့်အခါ စိုးရိမ်ကြောင့်ကြမှု မရှိစေဘဲ စိတ်သက်သာရာ ရစေမည့်  ပတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီး၍ စစ်ဆေး၊ စီရင်သွားမည် ဟု  ဒက္ခိဏခရိုင် ဒုတိယတရားသူကြီး ဦးညိုဌေးက မဇ္စျိမသို့ ပြောသည်။

အများပြည်သူစိတ်ဝင်စားနေသည့် အဆိုပါ အမှုကို ပထမဆုံးအကြိမ်အဖြစ် အခုလ ၁၅ရက်နေ့တွင်  ရုံးထုတ်မည် ဖြစ်ပြီး အမှုနှင့် ပတ်သက်၍ တရားစွဲအဖွဲ့အစည်းဖြစ်သည့်  ရဲတပ်ဖွဲ့က အသက် ၃နှစ်မပြည့်သေးသည့် ကာယကံရှင် ကလေးငယ် အပါအဝင် တရားလိုပြသက်သေ ၂၆ဦးကို တရားရုံးသို့ တင်သွင်းထားသည်။

အမှုနှင့် ပတ်သက်ပြီး မှန်မှန်ကန်ကန် ဖြစ်စေရန်  အာမခံကြောင်းနှင့် စိတ်ဝင်စားသူများ အနေဖြင့်လည်း လာရောက်နားထောင်နိုင်ကြောင်းတရားရုံး တာဝန်ရှိသူများကပြောသည်။

 ရိုက်ကူး/တည်းဖြတ် - မင်းမင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly