ကလေးဝ ရေကြီးမှု ရင်ခွင်ပိုက် ကလေးနှစ်ဦး၊ ငါးနှစ်အောက် လေးဦး အပါအဝင် ၁၂ ဦးပျောက်ဆုံးနေ

ကလေးဝ ရေကြီးမှု ရင်ခွင်ပိုက် ကလေးနှစ်ဦး၊ ငါးနှစ်အောက် လေးဦး အပါအဝင် ၁၂ ဦးပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်တွင်အတွင်း ချောင်းရေကြီးမှုကြောင့် အသက်(၁)နှစ်အရွယ် ရင်ခွင်ပိုက် သမီးငယ်နှစ်ဦး အပါဝင်လူ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ ၁၂ ဦး ချောင်းရေတွင် မျောပါ၍ ပျောက်ဆုံး နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့မှက ထုတ်ပြန်သည်။

ကလေးဝမြို့နယ်၊ ချင်းချောင်း ကျေးရွာအုပ်စု၊ ကျောင်းကြီးကျေးရွာမှ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေသူ အိမ်ထောင်စု(၂)စု မှ လူဦးရေ(၁၂)ဦးနှင့် တောခုတ်သွားသူ(၂)ဦး ပျောက်ဆုံးနေခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စည်ပင်းသာရေးဝန်ကြီး ဦးတင့်လှိုင်နှင့် တာဝန်ရှိသူများ သွားရောက်ရန် တာဝန်ပေးဆောင်ရွက်ထားကြောင်း သိရသည်။

အောက်တိုဘာလ(၈)ရက်နေ့ ညပိုင်းအချိန်တွင် ကျောင်းကြီးကျေးရွာနှင့် လေးမိုင်အခန့် အကွာတွင် ရှိသည့်  ဖုန်းသုန်း ချောင်းရေကြီးမှုကြောင့် ကျွဲ၊နွား(၂၃)ကောင် ပျောက်ဆုံးလျက်ရှိပြီး လယ်ဧက(၂၀၀)ခန့်လည်း သဲဖုံး နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ပျောက်ဆုံးသူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စာရင်းသွင်းထားသည့် အဆိုပါစာရင်းတွင် တစ်နှစ်အရွယ် ရင်ခွင်ပိုက် ကလေးငယ်များဖြစ်သည့် မစန္ဒာဌေး၊ မနီလာတို့အပြင် မောင်စိုးနိုင်(၃)နှစ်၊ မစိုးစိုး(၃)နှစ်၊ မောင်မြင့်ဝင်း(၅)နှစ်၊ မောင်းဝင်းကျော်ဦး(၅)နှစ်၊ မောင်ရွှေစန်းလင်း(၁၅)နှစ်၊ မောင်ရဲအောင်း(၁၈)နှစ် အရွယ် ကလေးငယ်များ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required