ဗင်းနစ်မြို့မှာ ဧရာမ အပျော်စီးသင်္ဘောကြီးက ရွက်သင်္ဘောကို တိုက်မိမလိုဖြစ်ပြီး ကပ်သီလေး လွတ်သွား

ဗင်းနစ်မြို့မှာ ဧရာမ အပျော်စီးသင်္ဘောကြီးက ရွက်သင်္ဘောကို တိုက်မိမလိုဖြစ်ပြီး ကပ်သီလေး လွတ်သွား

ဇူလိုင် ၉ ။         ။ အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ ဧရာမ အပျော်စီး သင်္ဘောကြီးတစ်စင်းက ဇိမ်ခံရွက်သင်္ဘောငယ်တစ်စင်းကို ဝင်တိုက်မိမလိုဖြစ်ပြီးမှ ကပ်သီလေး လွတ်သွားတဲဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ယင်း နေရာအနီးမှာပဲ ပြီးခဲ့တဲ့လကမှ အပျော်စီးသင်္ဘောကြီးတစ်စင်းနဲ့ တိုက်မိတဲ့ မတော်တဆမှုဖြစ်စဉ်တစ်ခု ပေါ်ပေါက်ထားခဲ့တာဖြစ်ပြီး ယခုဖြစ်စဉ် ထပ်မံပေါ်ပေါက်လာတဲ့အတွက် ဗင်းနစ်မြို့မှာ သင်္ဘောကြီးတွေ ဝင်ရောက်မှုအပေါ် တားမြစ်ဖို့ တောင်းဆိုမှုတွေ ပြန်လည်ဖြစ်ပေါ်လာနေလျက် ရှိပါတယ်။

အရှည် မီတာ ၃၀၀ (ပေ ၁,၀၀၀) နီးပါးရှိ Costa Deliziosa အပျော်စီး သင်္ဘောကြီးကို ရာသီဥတု ဆိုးရွားနေချိန်မှာ ဆွဲယူလာခဲ့စဉ် ခုလို ရွက်သင်္ဘောတစ်စင်းကို တိုက်မိမလိုဖြစ်တဲ့ ဖြစ်ရပ် ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။

ယင်းအချိန်တုန်းက အပျော်စီး သင်္ဘောကြီးပေါ်မှာ ခရီးသည် ၃,၈၀၀ ကျော် ပါရှိတယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required