တူရကီနိုင်ငံ မြို့တော်တွင် ပေါက်ကွဲမှုများဖြစ်ပွား၊ အနည်းဆုံးလူ ၂၀ သေဆုံး

တူရကီနိုင်ငံ မြို့တော်တွင် ပေါက်ကွဲမှုများဖြစ်ပွား၊ အနည်းဆုံးလူ ၂၀ သေဆုံး

အန်ကာရာ၊ အောက်တိုဘာ ၁၀ ။              ။ တူရကီနိုင်ငံမြို့တော် အန်ကာရာ၏ အပြင်ဘက် အဓိကရထားဘူတာ၏ အပြင်ဘက် ဆန့်ကျင်ဆန္ဒပြရန်စုဝေးနေသော နေရာတွင် အောက်တိုဘာ ၁၀ က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၂၀ သေဆုံးခဲ့သည်ဟု ပြည်တွင်းမီဒီယာများက အစီရင်ခံခဲ့သည်။

အခင်းဖြစ်ပွားရာ လမ်းတွင် ပြန့်ကျဲနေသော ကိုယ်ခန္ဒာအစိတ်အပိုင်းများနှင့် အလံများ၊ လက်ကိုင်ကြွေးကြော်စာတိုင်များအုပ်ထားသော အလောင်းအချို့ကို ဂရပ်ဖစ်ရုပ်ပုံများဖြင့် ပြသထားသည်။

ဒဏ်ရာပြင်းထန်သော လူနာများကို ကုသနေရသည့် အတွက် ဒေသခံဆေးရုံများကလည်း သွေးအလှူရှင်များကို ဖိတ်ခေါ်လျက်ရှိသည်ဟု သတင်းထောင်တစ်ဦးက ပြောသည်။

တူရကီအရှေ့တောင်ပိုင်းတွင် ကာ့ဒ်စစ်သွေးကြွများနှင့် ဖြစ်ပွားနေသော ပဋိပက္ခကို ဆန့်ကျင်သော အကူအညီပေးသည့်အုပ်စုများနှင့် အလုပ်သမားသမဂ္ဂများက စီစဉ်ထားသော နိုင်ငံရေးစုဝေးမှု မတိုင်မီ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲများဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို ချက်ခြင်းမသိရသေးပေ။

ယင်းပေါက်ကွဲမှုများမှာ အသေခံဗုံးခွဲမှုဖြစ်နိုင်သည်ဟု တူရကီနိုင်ငံပိုင် အနာဒိုလူအေဂျင်စီက အစီရင်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required