ကမ္ဘာမှာ အာရှဒေသက လူသတ်မှု အနည်းဆုံးဟု ကုလသမဂ္ဂ ထုတ်ပြန်

ကမ္ဘာမှာ အာရှဒေသက လူသတ်မှု အနည်းဆုံးဟု ကုလသမဂ္ဂ ထုတ်ပြန်

ဗီယင်နာ၊ ဇူလိုင် ၉ ။           ။ အာရှဒေသမှာ ဖြစ်ပွားတဲ့ ပျမ်းမျှလူသတ်မှုနှုန်းဟာ ကမ္ဘာမှာ အနည်းဆုံးဖြစ််ပြီး တစ်နှစ်ကို လူတစ်သိန်းမှာ ၂ ဒသမ ၃ ဦးနှုန်းသာ အသတ်ခံရခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ သုတေသနပြုချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာမှာ လူသတ်မှု အနည်းဆုံးအဖြစ် အာရှတိုက်ဟာ အေးချမ်းမှု ရှိတဲ့ ဒေသဖြစ်ပြီး နှိုင်းယှဉ်မယ်ဆိုရင် တောင်အမေရိကမှာ တစ်နှစ်ကို လူတစ်သိန်းမှာ ၂၅ ဦးနှုန်း အသတ်ခံနေရတာဖြစ်ကြောင်း ဇူလိုင် ၈ ရက်က ထုတ််ပြန်တဲ့ ကုလသမဂ္ဂ သုတေသနမှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးက ထုတ်ပြန်တဲ့ ‘၂၀၁၉ ကမ္ဘာလုံးဆိုင်ရာ လူသတ်မှု လေ့လာရေးစစ်တမ်း’ မှာ အာရှရဲ့ လူသတ်မှု ပျမ်းမျှ ဖြစ်ပွားနှုန်းဟာ နည်းပါးနေဆဲဖြစ်ပြီး ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများကြားက ကွာဟချက်အတိုင်း ဆက်လက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဥပမာအနေနဲ့ အရှေ့တောင်အာရှမှာဆိုရင် ဖိလစ််ပိုင်ရဲ့ လူသတ်မှုနှုန်းဟာ ၈ ဒသမ ၄ ဦး နှုန်းရှိပြီး စင်ကာပူမှာက လူတစ််သိန်းမှာ ၀ ဒသမ ၂ ဦးနှုန်း လူသတ်မှုဖြစ်တာထက် အဆ ၄၂ ဆလောက် ကွာခြားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ ခုလို လူသတ်မှုနှုန်း များပြားရတာဟာ ကိုယ်လက်နဲ့ ကိုယ်တိုင် တရားစီရင်တတ်တဲ့ လျှို့ဝှက်အဖွဲ့တွေရဲ့ ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ အစ္စလာမ္မစ်အစွန်းရောက်ဝါဒီတွေကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာရှဒေသမှာ တရုတ်၊ ဂျပန်နဲ့ ကိုရီးယားလို လူဦးရေများပြားတဲ့ နိုင်ငံတွေကို ထည့်တွက်ပြီး စစ်တမ်းချ ကောက်ယူမှုအရ ကမ္ဘာမှာ ပျမ်းမျှ လူသတ်မှု အနည်းဆုံးအဖြစ်် ကုလသမဂ္ဂက မှတ်ချက််ပြု ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required