အသင်းမှ ထွက်ခွာမယ့် သတင်းတွေရှိနေပေမယ့် မန်ယူရဲ့ ရာသီကြိုခြေစမ်းပွဲလူစာရင်းမှာ ပေါ့ဂ်ဘာနဲ့ လူကာကူ ပါဝင်

အသင်းမှ ထွက်ခွာမယ့် သတင်းတွေရှိနေပေမယ့် မန်ယူရဲ့ ရာသီကြိုခြေစမ်းပွဲလူစာရင်းမှာ ပေါ့ဂ်ဘာနဲ့ လူကာကူ ပါဝင်

ယခုနွေရာသီစျေးကွက်ကာလအတွင်း အသင်းမှ စွန့်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာနဲ့ တိုက်စစ်မှူးတို့ဟာ မန်ယူအသင်းရဲ့ ရာသီကြိုအာရှခရီးစဉ်လူစာရင်းမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ သြစတြေးလျ၊ စင်္ကာပူ၊ တရုတ်တို့မှာ ရာသီကြိုခြေစမ်းပွဲတွေ ကစားသွားဖို့ ရှိနေတာဖြစ်ပြီး ဒီပွဲတွေအတွက် ထွက်ခွာခဲ့တဲ့ ကစားသမားတွေရဲ့ ဓာတ်ပုံတွေထဲမှာ ပေါ့ဂ်ဘာနဲ့ လူကာကူတို့လည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ပေါ့ဂ်ဘာမှာ ရီးယဲလ်မက်ဒရစ်သို့ ထွက်ခွာဖို့ အလိုရှိနေပြီး ဂျူဗင်တပ်စ်သို့ ပြန်ဖို့လည်း ရှိလာနိုင်တယ်လို့ သူ့ရဲ့ အေဂျင့် ရွိုင်အိုလာက ပြောဆိုအပြီး ရက်မကြာခင်မှာ အခုလို မန်ယူအသင်းရဲ့ ခြေစမ်းခရီးစဉ် လူစာရင်းမှာ ပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။

အလားတူ လူကာကူဟာလည်း အင်တာမီလန်မှာ နည်းပြကွန်တီနဲ့ လက်တွဲခွင့်ရရဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြမှုများ ရှိနေပါတယ်။

ခြေစမ်းခရီးစဉ်မှာ နည်းပြ ဆိုးလ်ရှား၊ ရပ်စ်ဖို့ဒ်၊ လင်းဂတ်၊ မာတာနဲ့ လင်ဒီလော့ဖ်တို့အပါအဝင် အခြားကစားသမားတွေနဲ့ ဝန်းထမ်းတွေဟာ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြတာကို မန်ယူအသင်းရဲ့ တွစ်တာအကောင့်မှာ ပို့စ်တင်ထားကို တွေ့ရပါတယ်။

ဒါပေမယ့် ဒဏ်ရာပြဿနာရှိနေတဲ့ ဆန်းချက်ဇ်နဲ့ ပုဂ္ဂလိက ကိစ္စရပ်တွေကြောင့် ဖရက်ဒ်၊ ဒါမီယန်တို့ကတော့ ဒီလူစာရင်းမှာ လိုက်ပါမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required