ထားဝယ်စီးပွားရေး ဇုန်အတွက် အိမ်ဟောင်းကြီးကို မပြိုအောင် ပြင်နေရတယ်လို့ ဝန်ကြီး ဦးဟန်စိန်ပြော

ထားဝယ်စီးပွားရေး ဇုန်အတွက် အိမ်ဟောင်းကြီးကို မပြိုအောင် ပြင်နေရတယ်လို့ ဝန်ကြီး ဦးဟန်စိန်ပြော
ထိုင်းနိုင်ငံ အီတာလျံထိုင်းကုမ္ပဏီက အကောင်အထည်ဖော်လျက်ရှိသည့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်အထူးစီးပွားရေးဇုံန်စီမံကိန်း၏အစ ဆိပ်ကမ်းကြီးတည်ဆောက်မည့် ဇီးဝိုးကီလိုမီတာ နေရာကို ၂၀၁၅ စက်တင်ဘာ လဆန်းပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း)

ထားဝယ် အထူးစီးပွားရေးဇုန်ရဲ့ ကနဦး လုပ်ငန်းစဉ်တွေကို ပြန်လည် လုပ်ကိုင်နိုင်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ (၅) ရက်နေ့က ထိုင်းနိုင်ငံရဲ့ အီတာလျန် ထိုင်း ကုမ္ပဏီနဲ့ မြန်မာနိုင်ငံ အစိုးရတို့ကြား လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ သဘော တူညီချက်တွေအရဆိုရင် ကနဦး လုပ်ငန်းတွေကို အထူးဇုန်းတွေရဲ့ မြေနေရာ အကျယ်ပမာဏ ၇စတုရန်ကီလိုမီတာမှာ အချိန်သုံးနှစ်အတွင်း ၆၅ ရာခိုင်နှုန်း ပြီးစီးအောင် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တော့ အီတာလျန် ထိုင်းကုမ္ပဏီ အနေနဲ့ ကျန်ရှိနေတဲ့ အခြေခံ အဆောက် အဦးတွေဖြစ်တဲ့ လမ်း၊တံတား၊ ရေ၊ မီးနဲ့ လူနေအဆောက်ဦး တည်ဆောက်ခြင်း လုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိပါတယ်။ ဒေသခံတွေအနေနဲ့ ဒီလိုမျိုး ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်လာဖို့အတွက် ဖြစ်ပေါ်လာနိုင်မယ့် အခြေနေပေါ်မှာ သံသယနဲ့ စိုးရိပ်မူတွေလည်း ရှိနေပါတယ်။

ဒီအပေါ်မှာ လူမှုရေးနဲ့ ပတ်ဝန်းကျင် ပြဿနာ မြေယာနဲ့ အပင်လျော်ကြေး ပြဿနာအပြင် လက်ရှိ လုပ်ကိုင်နေတဲ့ တည်ဆောက်ရေး လုပ်ငန်းခွင်က လုပ်သားရေးရာ ကိစ္စတွေကလည်း ပြေပြေလည်လည် ဖြေရှင်းနိုင်ဖို့ ကျန်နေပါသေးတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အစိုးရက ဘယ်လိုသွားနိုင်မလဲဆိုတဲ့ မေးခွန်းတွေကို ထားဝယ်အထူးစီးပွားဇုန် စီမံခန့်ခွဲရေး ကော်မတီဖြစ်တဲ့ ပို့ဆောင်ရေး ဒုဝန်ကြီး ဦးဟန်စိန်ကို မေးကြည့်ထားပါတယ်။

 

ဝန်ကြီးအနေနဲ့ အထူးစီးပွားရေးဇုန်ကို သွားရောက် လေ့လာခဲ့တယ်လို့ သိရတယ်ခင်ဗျ ။ အဲလို သွားတဲ့အချိန်မှာပေါ့နော် ဒေသခံတွေရဲ့ မပြီးပြတ်သေးတဲ့ တစ်ချို့ကျတော့ လျော်ကြေးပေးပြီးသား လျော်ကြေးလက်ခံတယ် တစ်ချို့ကျတော့ လျော်ကြေးပေးထားပြီးပေမယ့် မတန်ဘူးဆိုပြီးတော့ ပေါက်ဈေးမရဘူးဆိုပြီး လက်မခံတဲ့အပိုင်းတွေ ရှိတာပေါ့နော် အဲလိုအပိုင်းတွေကော သိခြားတွေ့ဆုံခဲ့ရတဲ့ အပိုင်းတွေရှိလား တွေ့ခဲ့လား။

ကျွန်တော်တို့ မတွေ့ခဲ့ဘူး ကျွန်တော်သွားခဲ့တဲ့ ခရီးစဉ်ကတော့ အဓိအားဖြင့် စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ခွဲတွေ ရှိပါတယ်။ အဲ သူတို့တွေ့နဲ တစ်ချို့ လုပ်ငန်းတွေ ညှိနှိုင်းတာ ရှိပါတယ်။ အဲတော့ ခုန လျော်ကြေးပေးတဲ့ ကိစ္စတွေနဲ့ကတော့ ခုန ကျွန်တော်ပြောတယ် လျော်ကြေး ဆပ်ကော်မတီပေါ့လေ အဲကော်မတီနဲ့ အဲမှာရှိတဲ့ နဂို သူတို့ဆောင်ရွက်ခဲ့တဲ့ ဟာရဲ့  ဆက်လက်ပြီးတော့ လုပ်ဆောင်ရမယ့် အစိတ်ပိုင်းလေးတွေပါပဲ။

 

ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေဖြစ်တဲ့ လမ်း၊ တံတား ရေ၊ မီး အပြင် လူနေ အဆောက်အဦးတွေ လည်း ဆောက်လုပ် နေကြတာတွေ ရှိတယ်ပေါ့လေ။ ဆိုတော့ အဲလို လုပ်ဆောင် မှုတွေအပြင် လျော်ကြေး ကိစ္စကိုလည်း ပြေလည်အောင် လုပ်ဆောင်ရမယ်လို့လဲ ကျွန်တော် လေ့လာ ထားတယ်ခင်ဗျ။ အဲဒီအပိုင်းကို ဘယ်လောက်ထိ ပြေလည်အောင် လုပ်ဆောင်သွားဖို့ အစီစဉ်တွေ ဆွဲထားတာ ရှိလဲ။

ကျွန်တော်တို့ ဒီစီမံကိန်းမှာ စီမံကိန်း လုပ်မယ့်သူပေါ့ အိုင်တီတီပေါ့ ကျွန်တော်တို့ကို ငှားပေးရမယ်။ ငှားပေးဖို့ကို သူ့တို့က ဒီလူ ငှားမဟုတ်ဘူး ဘယ်သူတွေ ဘယ်သူငှားမယ် ဆိုတာ ဥပမာ ဖြစ်နိုင်တဲ့ဟာပေါ့ နှစ်ခု သုံးခု ကျွန်တော်တို့ကို သူတို့က ပရိုပို့ လုပ်ရမယ်။ အဲ ပရိုပို့ လုပ်တဲ့ အပေါ်မှာ ကျွန်တော်တို့ကနေပြီးတော့ ရွေးချယ်မယ်။ အဲမှာရှိတဲ့ ဆပ်ကော်မတော် မတီရယ် မြို့မိမြို့ဖတွေရယ် လုပ်ငန်းလုပ်ဆောင်မယ့် အပိုင်းက ကိုယ်စားလှယ်တွေရယ် ဒါတွေနဲ့ ဒီကာလအတွင်းမှာ ညှိနှိုင်းပြီးတော့ ခုန မြေယာကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းတာတွေ လုပ်သွားမှာပါ။

 

အိုင်တီတီ ကုမ္ပဏီရယ် ကျေးရွာ ကော်မတီရယ် ဒီလိုလုပ်တဲ့ အချိန်မှာ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ ပြောတယ်ခင်ဗျ။ အဲလိုမျိုးရော ကော်မတီ ဥက္ကဋ္ဌတို့ ကြားသိခဲ့ရတာ ရှိလားခင်ဗျ။

အဲဒါတော့ ကျွန်တော်တော့ မတွေ့ခဲ့တော့ ဒါတော့ သေချာ မသိဘူးပေါ့လေ။ အဲဒါကတော့ ပေါ်လာတဲ့ အချိန်နေပေါ်မှာ မှုတည်ပြီးတော့ ဖြေရှင်းသွားရမှာပေါ့။ ကျွန်တော့်အနေနဲ့ အတိကျ မသိသေးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်တော်အနေနဲ့ တစ်ထိုင်တည်း ပြောလို့မရဘူးပေါ့လေ။ ခုမှထလုပ်တဲ့ အစိမ်းသက်သက် အလုပ်တော့ မဟုတ်ပါဘူး။ အတွေ့ကြုံလည်း ရှိပြီးသားပါ။ ဒါကို စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ တစ်ယောက်တည်း လုပ်နိုင်တဲ့ အင်အားလည်း မဟုတ်ပါဘူး။

 

နောက်ထပ် တစ်ပိုင်းကျတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ထားဝယ် အထူးစီးပွားရေးဇုန် ခဏရပ်နားထားတဲ့ အချိန်မှာ သူတို့ကို ကုမ္ပဏီကနေ အလုပ်နားတဲ့ အတွက်ကြောင့်မို့လို့ နစ်နာကြေးဆို သုံးလစာပေးတယ် ခင်ဗျ။ ခုပြန်လုပ်တဲ့ အချိန်ကျတော့ အဲဒီနစ်နာကြေး တစ်ဝက်ကို ပြန်ပေးရတယ်လို့ လုပ်သားတွေက ပြောတယ် ခင်ဗျ။ ခုတော့ သူတို့က သူတို့လစာထဲကနေ ဖဲ့ဖဲ့ပေးရတယ် ခင်ဗျ။ ဒီလို အခြေနေတွေပေါ် ကြားသိရတာတွေ ရှိပါလား ခင်ဗျ။

ကျွန်တော်တော့ ခုမေးမှပဲ ဒါတွေကို သိတာပေါ့လေ။ အလုပ်သမား ပြဿနာကတော့ ခုပြောတဲ့ဟာ ကျွန်တော်လည်း တီဗွီမှာ တွေ့လိုက်ပါတယ်။ ဒါ အလုပ်သမားတွေ ပြောတဲ့ဟာ ဒါပေမယ့် ကျွန်တော်တို့ ဟိုမှာ ရှိတဲ့ အဖွဲ့တွေအနေတော့ ကျွန်တော်သွားတဲ့ ချိန်မှာ ပြောတာ ဘာမှ မရှိပါဘူး။

 

ဒါကိုပိုပြီးတော့ နားလည်မှု ဖြစ်အောင် ကုမ္ပဏီဘက်ကော၊ ရင်းနှီးမြှုပ်နှံသူ ဘက်ကော လုပ်သားတွေ အဘက်ကော ပြည်သူတစ်ရပ်လုံးပါဝင်လာနိုင်တဲ့လိုက်နာနိုင်မှု ဖြစ်အောင် ဝန်ကြီးအနေနဲ့ ဘယ်လို သုံးသပ်ချင်ပါလဲ ခင်ဗျ။

အဲတာကတော့ သူတို့ကို လုပ်ငန်းမှာ လုပ်သားတွေ မခန့်ထားခင် ကတည်းက စနစ်တကျ အလုပ် သမားတွေကို အလုပ်သမားရုံးတွေ ထားမယ်။ ဒီကနေပြီးတော့ စီစစ်ရွေးချယ်မယ်။ ဘယ်လောက် ဘယ်လောက်နဲ့ သူတို့နဲ့ နဂိုကတည်းက နားလည်မှုနဲ့ ဒီလုပ်ငန်းကြီးသည် ကျွန်တော်တို့က အသစ်စလုပ်ရတာပေါ့ ဒါသည် ၇နှစ် ၈နှစ်လောက် ရှိနေပြီ သူဟာသူ တစ်ချို့ လုပ်နေတဲ့ ဟာတွေကလည်း အများကြီးပဲ လုပ်နေရင်းနဲ့ တစ်ချို့ ဟိုဘက်ပိုင်းကလည်း စည်းကမ်းမလိုက်နာတာ ရှိတယ်။ ကျွန်တော်တို့ အလုပ်သမား ပိုင်းကလည်း စည်းကမ်းမလိုက်နာတာ ရှိတယ်။ ခုကျွန်တော်တို့က ပြောရင် လုပ်ငန်းက မစရသေးဘူး။

ဒါပေမယ့် သူတို့က နဂိုလုပ်ထားတဲ့ အလုပ်တွေ ရှိတာမို့ သူလူလည်း ရှိတယ် ဒီက ငှားထားတဲ့ လူလည်း ရှိတယ်။ ပြောရင်တော့ ၇လကြာမှ လုပ်ငန်းက စရမှာကို ဒီကြားထဲမှာ သူတို့ကို ညွှန်ကြားထားတာတွေ ရှိတယ်။ အလုပ်ခန့်မယ်ဆိုရင် သူတို့ဟာသူ မခန့်နဲ့ ဒီဘက်က ကော်မတီမှာ လာပြီးတော့ အလုပ်လိုတယ်ဆိုတဲ့ အသက်အရွယ်နဲ့ မှတ်ပုံတင်တာပေါ့ လေဘာရုံးပေါ့ဗျာ အဲလိုလာတင်ထားတာ လည်း ရှိတာပေါ့။

အဲထဲက ဒီနဲ့ စီစစ်ပြီးတော့ ခန့်ပါဆိုတာ ပြောထားပြီးသား အကုန်ရှိပြီးသားပဲ။ အိုင်တီတီကလည်း ခုလာစပြီး လုပ်တဲ့ အသစ်မဟုတ်ဘူး။ ကျွန်တော်တို့ မသိတာ တွေတောင် သူတို့သိတာ အများကြီး ဖြစ်နေပြီး ပြောမယ်ဆိုရင်တော့ ဒါကိုတော့ စည်းတာထားပြီး သူဟိုဘက်နေ ကိုယ် ဟိုဘက်နေ နေလို့မရဘူး။ ကျွန်တော်တို့ကခေါ်ပြီး ဟိုလိုလုပ် ဒီလိုလုပ် ခေါ်ပြောလို့မရဘူး။ အဲလိုပြောလိုက်ရင်း ရှုပ်ထွေးလာနိုင်တာ အများကြီး။ ကျွန်တော်တို့က ဘယ်လိုခေါ်မလဲ အိမ်အသစ် ဆောက်တာ မဟုတ်ဘူး။ တစ်ချို့ အပိုင်းတွေက အိမ်ဟောင်းကြီးထဲမှာပဲ မပြိုအောင် လိုက်ပြင်နေရတဲ့ အပိုင်းတွေရှိတာကိုး။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly