မြိတ်စက်ဘီးစီးအဖွဲ့ “Justice For Victoria” ကမ်ပိန်း ပြုလုပ်

မြိတ်စက်ဘီးစီးအဖွဲ့ “Justice For Victoria” ကမ်ပိန်း ပြုလုပ်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇူလိုင် (၈) ။           ။ မြိတ်မြို့တွင် ဒေသအတွင်း သက်ငယ်မုဒိန်းမှုပပျောက်ရေးနှင့် နေပြည်တော်၊ Wisdom Hill မူကြို ကျောင်းမှ ကလေးငယ် တစ်ဦး မဖွယ်မရာ ပြုကျင့်ခံရခြင်း အမှုမှန် ပေါ်ပေါက်ရေး အတွက် ဇူလိုင်က ၇ ရက်နေ့က မြိတ်စက်ဘီးစီး အဖွဲ့မှ ဦးဆောင်ကာ အဖြူရောင် တီရှပ်များ ဝတ်ဆင်၍ “Justice For Victoria” ကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 “မူကြိုကျောင်းမှာ ဖြစ်သွားတဲ့ ကလေးမလေးကို အမှုမှန် ပေါ်ပေါက်စေချင်လို့ ကမ်ပိန်း ပြုလုပ်တာပါ။ ကျွန်တော်တို့ စက်ဘီးစီး ၀ါသနာရှင်တွေ စုပြီး၊ အစီးရေ ၅၀ နီးပါးက မြို့တွင်း လှည့်လည် လှုပ်ရှားခဲ့တာ ဖြစ်တယ်”ဟု Mergui Archipelago Bike Club (MABC) အဖွဲ့မှ တာဝန်ရှိသူ ဦးဇော်ဝမ်းက ပြောဆိုသည်။

မြိတ်တွင် ပြုလုပ်ခဲ့သော “Justice For Victoria” ကမ်ပိန်း လှုပ်ရှားမှု၌ Mergui Archipelago Bike Club (MABC) စက်ဘီးစီးအဖွဲ့မှ မြိတ်မြို့ပေါ်တွင် စက်ဘီးအစီးရေ ၅၀ စီးနီးပါးဖြင့် လှည့်လည်ပြီး၊ အမှတ် ၁ ကျောင်း၊ မြို့သစ်ကျောင်းနှင့် မူကြိုကျောင်း အရှေ့တို့တွင် အုပ်စုဖွဲ့ကမ်ပိန်း ပြုလုပ် ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် “Justice For Victoria” ၏ အမှုမှန်ပေါ်ပေါက်ရေးအတွက် မကြာမီ ရက်ပိုင်းအတွင်း ကျောင်းသား ကျောင်းသူများနှင့် ကလေးမိဘရှင်များ စုပေါင်းကာ ဆန္ဒထုတ်ဖော်သွားရန် စီစဉ်နေပြီး၊ မြန်မာနိုင်ငံတွင် သက်ငယ် မုဒိန်းမှုအား ကြီးလေးသော အပြစ်ဒဏ်များ ချမှတ်ပေးရန်အတွက် မိဘပြည်သူများက ပူးပေါင်းပါဝင် လှုပ်ရှားပေးရန် တိုက်တွန်းမှုများလည်း ရှိနေကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly