‘အကျင့်ပျက်ခြစားမှုတွေနဲ့ ကိုပါအမေရိကပြိုင်ပွဲ’လို့ ဝေဖန်သွားတဲ့ မက်ဆီ

‘အကျင့်ပျက်ခြစားမှုတွေနဲ့ ကိုပါအမေရိကပြိုင်ပွဲ’လို့ ဝေဖန်သွားတဲ့ မက်ဆီ
Photos: AFP & EPA

လီယွန်နယ် မက်ဆီဟာ ချီလီနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ တတိယနေရာလုပွဲ ပထမပိုင်းမှာ အနီကတ်နဲ့ အထုတ်ခံရပြီးနောက် ပွဲအပြီး ဆုတံဆိပ်ချီးမြှင့်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိသလို ပြိုင်ပွဲကိုလည်း အကျင့်ပျက်ခြစားမှုလို့ သူက ဝေဖန်သွားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ချီလီအသင်းကို အဂူရို၊ ဒီဘားလားတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး ကိုပါအမေရိကပြိုင်ပွဲမှာ တတိယနေရာရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပွဲကစားချိန် (၃၇)မိနစ်မှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီနဲ့ ချီလီအသင်းခေါင်းဆောင် မီဒယ်လ်တို့ ထိပ်တိုက်အတွေ့မှာ ပြဿနာတက်ခဲ့ကြပြီး နှစ်ဦးစလုံး တိုက်ရိုက်အနီကတ်တွေနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

မက်ဆီအတွက် ဒီအနီကတ်ဟာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝ နှစ်ကတ်မြောက်ဖြစ်ပြီး ဒါဟာ (၁၄)နှစ်အကြာမှ နောက်တစ်ကြိမ် အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။

"ဘာသံသယဖြစ်စရာ မရှိပါဘူး။ အရာအားလုံးဟာ ဘရာဇီးလ်အတွက် ကြိုတင် စီစဉ်ထားခဲ့ပြီးသားပါ။"လို့ မက်ဆီက ပြောပါတယ်။

"ဗိုလ်လုပွဲမှာ ပီရူးအသင်းအနေနဲ့ မျှမျှတ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ပါတယ်။ VAR နဲ့ ဒိုင်လူကြီးတွေသာ ဘယ်အစိတ်အပိုင်းကမှ မပါခဲ့ရင်ပေါ့။ ဒါပေမယ့် ဒါဟာ ဖြစ်လာဖို့ ခက်ခဲတယ်လို့ မြင်ပါတယ်။

"ကျနော်ဟာ ဒီလိုအကျင့်ပျက်ခြစားမှုရဲ့အစိတ်အပိုင်းမျိုး မဖြစ်ချင်ပါဘူး။ ကိုပါအမေရိကပြိုင်ပွဲအတွင်း ကျနော်တို့ ခံစားရတဲ့ ဒီလိုတလေးတစားမရှိမှုမျိုးရဲ့ အစိတ်အပိုင်းမျိုးဖြစ်လာဖို့ မဖြစ်သင့်ပါဘူး။

"ကျနော်တို့ ပြိုင်ပွဲမှာ တဆင့်ပြီးတဆင့် တက်လာနိုင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ကို ဗိုလ်လုပွဲအထိတော့ ခွင့်မပြုခဲ့ဘူး။ အကျင့်ပျက်ခြစားမှုနဲ့ ဒိုင်လူကြီးတွေဟာ လူတွေကို  ဘောလုံးရဲ့ ပျော်ရွှင်မှုတွေဆီကနေ တားမြစ်နေကြပါတယ်။"

မက်ဆီဟာ ဗင်နီဇွဲလားကို အနိုင်ရတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာလည်း ကွင်းမျက်နှာပြင်အနေအထားကိုလည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင် ဘရာဇီးလ်နဲ့ ကစားခဲ့စဉ်က ရရှိသင့်တဲ့ ပင်နယ်တီ (၂)လုံးကို ဒိုင်လူကြီးက သတ်မှတ်ပေးခဲ့ခြင်း မရှိတာကြောင့် ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည်ကိုပါ ပြင်းပြင်းထန်ထန် ဝေဖန်ထားခဲ့ပါတယ်။

Ref; AFP, Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly