အိန္ဒိယ၏ အိတ်ချ်အိုင်ဗွီတိုက်ဖျက်ရေးအောင်မြင်မှု နောက်ကြောင်းပြန်လှည့်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

အိန္ဒိယ၏ အိတ်ချ်အိုင်ဗွီတိုက်ဖျက်ရေးအောင်မြင်မှု နောက်ကြောင်းပြန်လှည့်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

နယူးဒေလီ၊ အောက်တိုဘာ ၁၀ ။               ။ ကျန်းမာရေးလုပ်သားများသို့ ငွေပေးချေမှု ကြန့်ကြာနေခြင်းအားဖြင့် အိတ်ချ်အိုင်ဗွီကာကွယ်တားဆီးရေး အစီအစဉ်တစ်ခုကို ပြည်နယ်များက မှားယွင်းစွာ စီမံခန့်ခွဲနေခြင်းကြောင့်  အိန္ဒိယ၏ အိတ်ချ်အိုင်ဗွီအသစ်ကူးစက်မှုမှာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် မြင့်မားလာနိုင်သည်ဟု အာရှနှင့် ပစိဖိတ်   အေ့ဒ်စ်ရေးရာ ကုလသမဂ္ဂသံတမန်က   ပြောကြားသည်။

အိန္ဒိယ၏ အိတ်ချ်အိုင်ဗွီတိုက်ဖျက်ရေးကြိုးပမ်းမှုမှာ လိင်အလုပ်သမနှင့် မူးယစ်ဆေးဝါးထိုးသွင်းသူများကဲ့သို့ ကူးစက်မှုအန္တရာယ်အမြင့်ဆုံးရှိနေသူများအတွက် လူ့အသိုင်းအဝိုင်းအခြေပြု အစီအစဉ်များကို   နှစ်များစွာအဓိကထားလုပ်ဆောင်ခဲ့သည်။ ရလဒ်များလည်း တစ်ကမ္ဘာလုံးအတိုင်းအတာအထိ ချီမွမ်းခံခဲ့ရပြီး နှစ်စဉ်အသစ်ကူးစက်မှုများလည်း အစဉ်ကျဆင်းခဲ့သည်။  

ယေဘုယျအားဖြင့် ၂၀၀၀ပြည့်နှစ်နှင့် ၂၀၁၁ခုနှစ်အတွင်း တစ်ဝက်ကျော်ကျဆင်းခဲ့သည်။

သိုသော်လည်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ပြည်ထောင်စု AIDS ဘတ်ဂျက်ကို ဖေဖော်ဝါရီလက ငါးပုံတစ်ပုံခန့်ဖြတ်တောက်ခဲ့ပြီး လိုအပ်ချက်ကို ပြည်နယ်များက ဖြည့်ဆည်းပေးရန် ခိုင်းစေခဲ့သည်။

ချို့တဲ့စွာရုန်းကန်နေရသော ပြည်နယ်များ၏ အရာရှိအရာခံများကလည်း ၎င်းတို့၏ အေ့ဒ်စ်ကာကွယ်ရေးယူနစ်များသို့ ရံပုံငွေထုတ်ပေးရေးတွင် နှေးကွေးလျက်ရှိသည်။

ထို့ကြောင့် ဝန်ထမ်းလစာများထုတ်ပေးရေးမှာ လများစွာနှောင့်နှေးခဲ့ပြီး ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များလည်း နှေးကွေးသွားခဲ့သည်။

ရံပုံငွေဖြတ်တောက်သည့် ဆုံးဖြတ်ချက်မှာ စီးပွားရေးတိုးတက်မှုမြင့်တင်ရန် ကားလမ်း၊ရထားလမ်းများ တည်ဆောက်ရေးတွင် ဗဟိုအစိုးရ၏ အရင်းမြစ်များကို အဓိကစူးစိုက်ရန်နှင့် လူမှုရေး အသုံးစရိတ်များကို ဗဟိုချုပ်ကိုင်မှုမရှိရေး ကျယ်ပြန့်သည့်မဟာဗျူဟာ၏ အစိတ်အပိုင်းဖြစ်သည်။

အဓိကကျသော ပြည်နယ်များ၏ စီမံမှုမှားယွင်းခြင်းက အိတ်ချ်အိုင်ဗွီတိုက်ဖျက်ရေးအစီအစဉ်ကို ပျက်စီးစေမည်ဖြစ်ကြောင်း အာရှ-ပစိဖိတ် အေ့ဒ်စ်ဆိုင်ရာကုလအတွင်းရေးမှူးချုပ်၏ အထူးသံတမန်   ဂျေဗွီအာပရာဆာဒါရောင်းက ရိုက်တာနှင့် အင်တာဗျူးတွင် သတိပေးခဲ့သည်။

"ကူးစက်မှုအသစ်တွေက စတင်မြင့်တက်နေပြီဖြစ်လို့ လုပ်ထားခဲ့တဲ့ လုပ်ရပ်ကောင်းအားလုံးဟာ သဲထဲရေသွန်ဖြစ်တော့မှာပါ"ဟု ရောင်းကဆိုသည်။ လွန်ခဲ့သည့်   ခြောက်လအတွင်းက   အေ့ဒ်စ်ဆိုင်ရာ   ပြည်နယ်နှင့် ဗဟိုအရာရှိများနှင့် ပြောဆိုခဲ့မှုများကို အခြေခံကာ ရောင်းကယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly