အိပ်မက်တွေကို လက်မြှောက်အရှုံးမပေးဖို့ စင်္ကာပူကျောင်းတွေက ကလေးတွေကို တိုက်တွန်းခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

အိပ်မက်တွေကို လက်မြှောက်အရှုံးမပေးဖို့ စင်္ကာပူကျောင်းတွေက ကလေးတွေကို တိုက်တွန်းခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို
Photos: EPA

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ စင်္ကာပူအိုလံပစ်ဖောင်ဒေးရှင်း (Singapore Olympic Foundation) မြှင့်တင်ပေးရေးတစ်ရပ်အဖြစ် စင်္ကာပူနိုင်ငံကို အလည်အပတ်ရောက်ရှိနေစဉ်အတွင်း မူလတန်းအရွယ် ကျောင်းသားလေးတွေနဲ့ တွေ့ဆုံခဲ့ပြီး အိပ်မက်တွေကို လက်မြှောက်အရှုံးမပေးဖို့ သူတို့လေးတွေကို တိုက်တွန်းသွားခဲ့ပါတယ်။

"ကျနော်ဟာ နှိမ့်ချတဲ့ မိသားစုက လာခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်မိသားစုက အခွင့်အလမ်းတွေ အမြဲပေးခဲ့တယ်။ ကျနော့်အမေနဲ့ အဖေက ဒီအခွင့်အရေးကို လိုချင်ရင် သွားပြီးတော့ ကြိုးစားလိုက်ပါလို့ ပြောပါတယ်။ ဒါ့ကြောင့် ကျနော် လစ္စဘွန်းကို သွားခဲ့ပြီး ကြိုးစားခဲ့ပါတယ်။ ကျနော့်ပထမဆုံးကလပ် စပို့တင်းအတွက် ကစားခဲ့တယ်။ ကံကောင်းခြင်းတွေရဖို့ ကြိုးစားခဲ့ပြီး ရလည်း ရယူခဲ့ပါတယ်။"လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။

"အခက်ခဲဆုံး အပိုင်းက မိသားစုကို ထားခဲ့ပြီး ပရိုဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာဖို့ ကြိုးစားရတာပဲဖြစ်ပါတယ်။ ဒါဟာ အရမ်းခက်ခဲခဲ့ပါတယ်။ ကျနော် တခါတလေ ငိုကြွေးခဲ့တယ်။ ဒါက ခက်ခဲခဲ့တာကိုး။"လို့ ဂျူဗင်တပ်စ်တိုက်စစ်ကစားသမားက ပြောပါတယ်။

"ဘောလုံးကစားတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် မင်း ဘာမှမလုပ်၊ ဘာမှ အာရုံစူးစိုက်မှုမရှိရင် ဘာအလုပ်လုပ်ပဲဖြစ်ဖြစ် လွယ်ကူမှမဟုတ်ဘူး။ ဒါပေမယ့် ဒီလိုလှပတဲ့ အာကစားလောကနေ ထွက်သွားဖို့ ကျနော်စိတ်ထဲ ဘယ်တော့မှ မစဉ်းခဲ့ဖူးဘူး။ ဘောလုံးကစားသမား ဒါမှမဟုတ် ဆရာဝန်တစ်ယောက် မင်းဖြစ်လိုတဲ့ အိပ်မက်တွေကိုသာ ယုံကြည်ပါ။ အာရုံစိုက်ပါ။ ဘာလို့လဲဆိုတော့ အရာအားလုံးက ဖြစ်နိုင်တယ်လေ။ ဘယ်တော့မှ အရှုံးမပေးနဲ့၊ ဘယ်တော့ လှည့်ပြန်မထွက်သွားပဲ ကြိုးစားရင်း ကြိုးစားလိုက်ပါ။"လို့ ရော်နယ်လ်ဒိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အသက် (၃၄)နှစ်ရှိ မန်ချက်စတာယူနိုက်တက်နဲ့ ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်းဟာ ဗလင်စီယာရဲ့ အဓိကရှယ်ယာရှင်နဲ့ စင်္ကာပူအိုလံပစ်ဖောင်ဒေးရှင်းမှာ ပရဟိတလုပ်ဆောင်သူတွေထဲက ဦးဆောင်သူတစ်ဦးလဲဖြစ်တဲ့ စင်္ကာပူစီပွားရေးလုပ်ငန်းရှင် ပီတာလင်းမ်ရဲ့ ဖိတ်ကြားမှုနဲ့ ကျောင်းကို ကြာသပတေးနေ့က လာရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly